ဧရာဝတီတိုင်းက ရဲရဲရင့်ရင့်လုပ်ပါဟု စီးပွားကူးသန်းဝန်ကြီးပြော

ဧရာဝတီတိုင်းက ရဲရဲရင့်ရင့်လုပ်ပါဟု စီးပွားကူးသန်းဝန်ကြီးပြော

မတ်လ ၁၈ ရက် ။         ။ ဧရာဝတီတိုင်းက ရဲရဲရင့်ရင့်လုပ်ပါဟု  တိုင်းအစိုးရအဖွဲ့အား မတ်လ ၁၈ ရက်နေ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်က ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

"စစ်ကိုင်းက ကိုရီးယားနဲ့ချိတ်ဆက်ပြီး မြေနေရာရှာပြီးလျှပ်စစ်ထုတ်ဖို့ လုပ်နေတယ်၊ ရန်ကုန်တိုင်းပြောမနေနဲ့ တရုတ်နဲ့ MOUထိုးပြီး ဆိပ်ကမ်းတွေ လမ်းတွေလုပ်မယ်။ မကွေးတိုင်းက ဂျပန်နဲ့ အသေးစားအလတ်စားနဲ့ ဆီထွက်သီးနှံ ချိတ်လုပ်မယ် ။ ကျွန်တော်တို့က ထားဝယ်ဆိပ်ကမ်းနဲ့ပတ်သက်ပြီး တနင်္သာရီလုပ်မယ်။ လွန်ခဲ့တယ် နှစ်လလောက်က လာပြီး ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းကို သူတို့ကူညီချင်ပါတယ် ။ အဓိက စိုက်ပျိုးရေးကဏ္ဍာကို ကူညီချင်ပါတယ်။ ကျွန်တော် စိုက်ပျိုးရေးဝန်ကြီးနဲ့ ဆွေးနွေးထားတယ် ။ ဧရာဝတီတိုင်းက ရဲရဲရင့်ရင့်လုပ်ပါ”ဟု ပုသိမ်မြို့သို့ရောက်ရှိနေသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီး လုပ်ငန်ရှင်များနှင့် တွေဆုံပွဲတွင် ပြောသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီး စက်မှုဇုန်များ ဖော်ထုတ်ရန် တိုက်တွန်းပြောကြားခဲ့သည်။

"ကျွန်တော်တို့ တိုင်းဒေသကြီး ကျွန်တော်တို့ နိုင်ငံအတွက် စီးပွားရေးဖွံဖြိုးတိုးတက်မှုတွေ လုပ်တဲ့အခါ တကယ်တမ်း စီးပွားရေးဖွံဖြိုးတ်ိုးတက်မှု Plan မရှိဘဲ သွားလို့မရပါဘူး ။ ရင်းနှီးမြှုပ်နှံမှုအတွက် နိုင်ငံတကာ လာသလို ပြည်တွင်းလည်း လာတယ်။ ထိုင်းနိုင်ငံကို သွားတော့ ထိုင်းစက်မှုလက်မှု ဝန်ကြီးနဲ့တွေ့တော့ သူတို့လာဖို့ စိတ်ဝင်စားပါတယ် ။ ကျွန်တော်တို့ဘက်က Master Plan မရှိသေးဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက ပြောသည်။

Economic Development Master Plan အား ရေးဆွဲနေပြီးဖြစ်ကြောင်း ဝန်ကြီး ပြောသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရ သက်တမ်းတစ်နှစ်ပြည့် တော့မည်ဖြစ်သည်။

ပထမအကြိမ်အစိုးရလက်ထက်တွင် ပုသိမ်မြို့တွင် အထည်ချုပ်စက်ရုံများ ဖွင့်လှစ်ခဲ့ပြီး ပုသိမ်မြို့နှင့်ကန်ကြီးထောင့်ကြားတွင် ပုသိမ်စက်မှုမြို့တော်စီမံကိန်းကို လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly