ဂလက်စ်တွန်ဘူရီ ဂီတပွဲတော်၌ အက်ဒ်ရှီရန်း အဓိကအဆိုရှင်အဖြစ် ဖျော်ဖြေမည်

ဂလက်စ်တွန်ဘူရီ ဂီတပွဲတော်၌ အက်ဒ်ရှီရန်း အဓိကအဆိုရှင်အဖြစ် ဖျော်ဖြေမည်

နာမည်ကျော်သီချင်းရေးဆရာနှင့် အဆိုတော်ဖြစ်သူ အက်ဒ်ရှီရန်းသည် ယခုနှစ်တွင် ဗြိတိန်ရှိ ပယ်လ်တွန်ရွာ၌ ကျင်းပမည့် ဂလက်စ်တွန်ဘူရီ ဂီတပွဲတော်၌ ရော့ခ်ဂီတအဖွဲ့များဖြစ်သော Radiohead ၊ Foo Fighters တို့နှင့် အတူ အဓိကအဆိုရှင်အဖြစ် ဖျော်ဖြေမည်ဖြစ်သည်။

ငါးရက်တာကျင်းပမည့် ဂီတပွဲတော်၏ ပိတ်ပွဲနေ့ဖြစ်သော ဂျွန်လ ၂၅ရက် တနင်္ဂနွေနေ့တွင် အက်ဒ်သည် သီဆို ဖျော်ဖြေမည်ဖြစ်ပြီး အဆိုပါပွဲသည် ယခုနှစ်အတွင်း သူ သီဆိုဖျော်ဖြေမည့် တစ်ခုတည်းသော ဂီတပွဲတော် ဖြစ်သည်။

အင်စတာဂရမ်၌တင်ခဲ့သော ဗီဒီယိုအတိုလေး၌ အက်ဒ်က အဆိုပါသတင်းအား အလွန်ကောင်းကြောင်း မှတ်ချက်ပေးခဲ့ပြီး ပရိတ်သတ်များ၏ ထင်ကြေးအမျိုးမျိုးအား အဆုံးသတ်စေခဲ့သည်။

၂၀၁၇ ဂလက်စ်တွန်ဘူရီ ဂီတပွဲတော်၌ ဖျော်ဖြေမည့် အဆိုတော်စာရင်း အပြည့်အစုံအား လာမည့်ရက်ပိုင်း အတွင်း ကြေညာသွားမည်ဖြစ်ပြီး လက်မှတ်များအားလုံး ရောင်းကုန်သွားပြီဖြစ်သည်။

အက်ဒ်ရှီရန်းသည် သူ၏ Plus အယ်လ်ဘမ်မထွက်ခင် ၂၀၁၁ ခုနှစ်တွင် ဂလက်စ်တွန်ဘူရီ ဂီတပွဲတော်၌ ပထမဦးဆုံး ဖျော်ဖြေခဲ့ဖူးသည်။

သူ၏နောက်ဆုံးထွက်ရှိထားသည့် Divide အယ်လ်ဘမ်သည် ဆယ်ရက်အတွင်း အချပ်ရေ ၄ သန်းခန့် ရောင်းချ ခဲ့ရသည်။ ထို့ကြောင့် အက်ဒ်၏ နောက်ဆုံးထွက်ရှိထားသည့် အယ်လ်ဘမ်သည် အကောင်းဆုံး အယ်လ်ဘမ် ဇယားတိုင်း၏ ထိပ်ဆုံးနေရာများအား သိမ်းကြံုးရယူထားနိုင်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags