ရှမ်းမြောက်စစ်ဘေးရှောင်များအတွက် အမေရိကန်သံရုံး စိုးရိမ်

ရှမ်းမြောက်စစ်ဘေးရှောင်များအတွက် အမေရိကန်သံရုံး စိုးရိမ်
မြန်မာ့တပ်မတော်နှင့် MNDAA တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် နယ်စပ်မြို့ လောက်ကိုင်ကနေတာ ထွက်ပြေးတိမ်းရှောင်ဖို့ သယ်ယူပို့ဆောင်ရေးယာဉ်တွေကို စောင့်ဆိုင်းနေတာကို မတ်လ ၇ ရက်နေ့က တွေ့ရတာဖြစ်ပါတယ်။ (ဓာတ်ပုံ - အီးပီအေ၊ အေအက်ဖ်ပီ)

ရန်ကုန် ၊ မတ် ၁၄ ။         ။ ရှမ်းပြည်မြောက်ပိုင်းအတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် စစ်ဘေးရှောင် ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးနေရခြင်းကြောင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ စိုးရိမ်မကင်းဖြစ်နေကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်၌ ပါ၀င်ပတ်သက်နေသူများအားလုံး ထိုးစစ်များ ရပ်တန့်ရန် တောင်းဆိုထားပြီး ပဋိပက္ခများကို စစ်မြေပြင်တွင် မဖြေရှင်းဘဲ စားပွဲဝိုင်းတွင်သာ ညှိနှိုင်းဆွေးနွေးဖြေရှင်းကြရန်လည်း တောင်းဆိုထားသည်။

"သို့မှသာလျှင် အားလုံးပါဝင်သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်မှာ အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ပါသည် " ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ထုတ်ပြန်ထားခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ စတင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လူဦးရေ ၁ဝ,၅ဝဝ ခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးလျက်ရှိနေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(မြန်မာ)က သတင်းထုတ်ပြန်ထားသည်။

ထို့အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို လိုအပ်နေသည့် နေရာများသို့ အဟန့်အတားမရှိ သွားရောက်ပို့ဆောင်ခွင့်ပြုရေးမှာ လွန်စွာအရေးကြီးကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly