နာမည်ကျော် Game of Thrones ဇာတ်လမ်းတွဲတွင် အဆိုတော် အက်ဒ်ရှီရန်း ပါ၀င်သရုပ်ဆောင်မည်

နာမည်ကျော် Game of Thrones ဇာတ်လမ်းတွဲတွင် အဆိုတော် အက်ဒ်ရှီရန်း ပါ၀င်သရုပ်ဆောင်မည်

အသစ်ထွက်ရှိလာမည့် နာမည်ကျော် Game of Thrones ၏ သတ္တမမြောက် ဇာတ်လမ်းတွဲတွင် အဆိုတော် အက်ဒ်ရှီရန်းသည် ဧည့်သည်သရုပ်ဆောင်နေရာမှ ပါ၀င်သရုပ်ဆောင်မည်ဖြစ်ကြောင်း အဆိုပါ ဇာတ်လမ်းတွဲ၏ ထုတ်လုပ်သူများက အတည်ပြုကြေညာခဲ့သည်။

တက္ကဆက်ပြည်နယ်တွင် ကျင်းပခဲ့သော SXSW ရုပ်ရှင်ပွဲတော်၌ ထုတ်လုပ်သူ ဒေးဗဟ်ဘန်နီအော့ဖ် နှင့် ဒန်ဝိစ် တို့က သူတို့သည် အက်ဒ်ကို ကြိုတင်ငှားရမ်းရန် ကြိုးပမ်းနေကြကြောင်း   ပြောကြားခဲ့သည်။

အဆိုပါသတင်းသည် အွန်လိုင်းပေါ်၌ စတင်ပျံ့နှံ့ခဲ့ပြီးနောက်တွင် အက်ဒ်ကလည်း တွစ်တာမှတဆင့် အတည်ပြု ကြေညာခဲ့သည်။ သို့သော်လည်း သူသည် အဆိုပါဇာတ်လမ်းတွဲတွင် မည်သည့်အခန်းကဏ္ဍမှ ပါ၀င်သရုပ် ဆောင်မည်ကို ရှင်းရှင်းလင်းလင်း မဖြစ်သေးကြောင်း သိရသည်။

SXSW ရုပ်ရှင်ပွဲတော်သို့ Game of Thrones ဇာတ်လမ်းတွဲမှ သရုပ်ဆောင်များ ဖြစ်ကြသည့် ဆိုဖီတာနာနှင့် မိုင်ဆီဝီလီယမ်တို့လည်း တက်ရောက်ခဲ့ပြီး အက်ဒ်ရှီရန်း၏ ပရိသတ်ဖြစ်သော မိုင်ဆီဝီလီယမ်က ဇာတ်လမ်းတွဲ တွင် အက်ဒ်ပါ၀င်လာမည့်အပေါ် စိတ်လှုပ်ရှား ၀မ်းသာနေကြောင်း သိရသည်။

အက်ဒ်သည် Game of Thrones ဇာတ်လမ်းတွဲ၌ ပါ၀င်သရုပ်ဆောင်မည့် ပထမဦးဆုံး ဂီတပညာရှင်မဟုတ်ပဲ သူ့အရင်တွင် Coldplay၊ Mastodon၊ Of Monsters and Men၊ နှင့် Sigur Ros ဂီတအဖွဲ့တို့မှ အဖွဲ့ဝင်များ လည်း ပါ၀င်သရုပ်ဆောင်ဖူးကြသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly