လွှတ်တော်ကိုယ်စားလှယ်များ တည်ငြိမ်စွာ တာဝန်ထမ်းဆောင်ကြရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

လွှတ်တော်ကိုယ်စားလှယ်များ တည်ငြိမ်စွာ တာဝန်ထမ်းဆောင်ကြရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

ပုသိမ်၊ မတ်လ ၈ ရက် ။             ။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေးတွင် တည်တည်ငြိမ်ငြိမ်နဲ့ မိမိတို့တာဝန်ကို ထမ်းဆောင်သွားနိုင်ကြဖို့ သတိနဲ့ ဝီရိယကို ဟန်ချက်ညီညီ မောင်းနှင်သွားနိုင်ရေးဟာ အရေးကြီးတယ်ဟု တိုင်းဒေသကြီးဥက္ကဋ္ဌ အဖွင့်အမှာစကားတွင် ယနေ့ ထည့်သွင်းပြောကြားခဲ့သည်။

 "မိမိတို့အစိုးရ၊ မိမိတို့ လွှတ်တော်သည် မိခင်နိုင်ငံရေးပါတီကမွေးဖွားကခဲ့တာ အမှန်တရားဖြစ်မလို တစ်နည်းအားဖြင့်လည်း ပြည်သူအားလုံးကို ကိုယ်စားပြုသည့် လွှတ်တော်၊ ယင်းလွှတ်တော်မှ တင်မြောက်လိုက်တဲ့ အစိုးရဖြစ်နေတာသည်လည်း အမှန်တရားဖြစ်နေပါတယ်၊ ဒီအမှန်တရား ဟန်ချက်ညီညီ မောင်းနှင်ခြင်းဖြင့် ပြည်သူအားလုံးရဲ့. ကိုတတ်စွမ်းသမျှ ဘက်မလိုက်ဘဲ မျှတစွာဖြင့် တာဝန်ကျေပွန်ခြင်းဖြင့် လူသာဓုခေါ် နတ်သာဓုခေါ် လွှတ်တော်နှင့်အစိုးရဖြစ်တည်မှုကို မျှော်လင့်ရပါကြောင်း” ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က တိုင်းဒေသကြီး ကိုယ်စားလှယ်များအား ပ ဉ္စမပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြောကြားခဲ့သည်။

 ယခုအချိန်ကာလ လွှတ်တော်သက်တမ်း၊ အစိုးရသက်တမ်း တနှစ်ပြည့်ကာလနှင့် တိုက်ဆိုင်နေတဲ့တွက် ကျွန်တော်တို့အတွက် လာမဲ့ လေးနှစ်တာကာလမှာ ဣန္ဒြေရရ တည်တည်ငြိမ်ငြိမ်နဲ့ မိမိတို့ တာဝန်ကို ထမ်းဆောင်သွားနိုင်ကြဖို့ သတိနဲ့ဝီရိယကို ဟန်ချက်ညီညီ မောင်းနှင်သွားနိုင်ရေးဟာ အရေးကြီးလာပါတယ် ဟုကိုယ်စားလှယ်များအား ပြောသည်။

"သတိ တစ်လုံးကိုပြောကြားရတဲ့အကြောင်းကတော့ မိမိမြို့နယ် တိုင်းဒေသကြီး ပြည်ထောင်စုအဆင့်အထိ ဘာတွေဖြစ်နေသလဲဆိုတဲ့ကိစ္စကို မျက်ခြေမပြတ် သတိရှိရှိနဲ့သိပြီးရင် သိနေမှသာ ပြည်သူကိုယ်စားပြုပြည်သူကိုယ်စားလှယ်များရဲ့ တာဝန်ကို ပိုင်ပိုင်နိုင်နိုင် ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု လွှတ်တော်ဥက္ကဋ္ဌက ကိုယ်စားလှယ်များအား ဆက်လက်ပြောကြားသည်။

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေးအား မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး၊ ဒုတ်ိယနေ့အား မတ်လ ၁၄ ရက်နေ့တွင် ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly