ကြားဖြတ်ရွေးကောက်ပွဲ နောက်ဆုံးအကြိမ် မဲစာရင်း မတ်လ၂၅ ရက်နေ့အထိ ပြင်ဆင်နိုင်

ကြားဖြတ်ရွေးကောက်ပွဲ နောက်ဆုံးအကြိမ် မဲစာရင်း မတ်လ၂၅ ရက်နေ့အထိ ပြင်ဆင်နိုင်

ရန်ကုန်၊ မတ် ရ ။             ။ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများကို မတ်လ ၁၇ ရက်နေ့တွင် နောက်ဆုံးအကြိမ် ထုတ်ပြန်သွားမည်ဖြစ်ပြီး မတ်လ ၂၅ ရက်နေ့အထိ သွားရောက်ကြည့်ရှုပြီး ပြင်ဆင်နိုင်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောဆိုလိုက်သည်။

"ပထမအကြိမ် ကပ်တုန်းက ပြင်ဆင်တာတွေ၊ တောင်းဆိုတာတွေ ပြန်လုပ်ပြီးတော့ ၁၇ ရက်နေ့ကြရင် ကပ်မယ်။ ပြန်ကြည့်ပေးပေါ့" ဟု ဦးလှသိန်းက ပြောသည်။

ယနေ့ မတ် လ ရ ရက်နေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံပွဲ၌ နောက်ဆုံးမဲစာရင်း ထုတ်ပြန်မည့်နေ့နှင့် ပတ်သက်ပြီး ၄င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်းက မဲစာရင်း မှားယွင်းမှုများ ရှိနေခြင်းကြောင့် ရွေးကောက်ပွဲကော်မရှင်အပေါ် ဝေဖန်ပြောဆိုမှုများလည်း ရှိနေခဲ့သည်။ ယခုလက်ရှိအချိန်တွင် ပြီးခဲ့သည့် ရွေးကောက်ပွဲထက် မဲစာရင်း ပိုမိုမှန်ကန်အောင် ကြိုးစားပြီး တစ်အိမ်တက်ဆင်း မဲစာရင်းများ ကောက်ခံနေသည်ဟု ဦးလှသိန်းက ထပ်လောင်းပြောဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ် ၈ ခုမှ မြို ့နယ် ၂၂ မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်ပြီး လစ်လပ်နေရာ ၁၉ နေရာအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ လစ်လစ်နေရာများမှာ ပြည်သူ ့လွှတ်တော်တွင် ၉ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၃ နေရာနှင့် တိုင်းဒေသကြီး၊ပြည်နယ်လွှတ်တော်တွင် ရ နေရာတို့ ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၂၄ ခုမှ ကိုယ်စားလှယ်လောင်း ၉၆ ယောက်တို့က ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မဲဆန္ဒရှင် ၂.၁ သန်းခန် ့က မဲပေးခွင့် ရရှိမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly