မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက်တာအေးဇံအား ကန့်ကွက်သူမရှိ အတည်ပြု

မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက်တာအေးဇံအား ကန့်ကွက်သူမရှိ အတည်ပြု

ရန်ကုန်၊ မတ် ၁ ။            ။ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ကျိုက်ထိုမဲဆန္ဒနယ်အမှတ်(၂) မှ ဒေါက်တာအေးဇံကို သမ္မတမှ အမည်စာရင်းတင်သွင်းပြီး မွန်ပြည်နယ်လွှတ်တော်၌ ကန့်ကွက်သူမရှိဘဲ အတည်ပြုရွေးချယ် လိုက်သည်ဟု မွန်ပြည်နယ်၊ ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"ဒေါက်တာအေးဇံပါ၊ ကျိုက်ထိုမဲဆန္ဒနယ်အမှတ်(၂) ကပါ" ဟု ဒေါက်တာအောင်နိုင်ဦးက အတည်ပြု ပြောဆိုသည်။

ရာထူးမှ ဆန္ဒအလျောက်နုတ်ထွက်သွားခဲ့သည့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦးသည် မွန်ပြည်နယ်ဝန်ကြီးချုပ်ရာထူး အပြင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး တာဝန်များကို ပူးတွဲတာဝန်ယူထားသူဖြစ်သောကြောင့် လက်ရှိတွင် မွန်ပြည်နယ်၌ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနများတွင် ဝန်ကြီးနေရာများလစ်လပ်နေသည်။

အဆိုပါနေရာများကို နိုင်ငံတော်သမ္မတဖြင့် ဆွေးနွေးပြီးမှသာ ဒေါက်တာအေးဇံအနေဖြင့် ဆက်လက် ဆောင်ရွက်သွားဖွယ်ရှိနေသည်ဟု မွန်ပြည်နယ်ဒုတိယ လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ခန့်မှန်းပြောဆိုသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသည့် ဒေါက်တာအေးဇံထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly