Coachella ဂီတဖျော်ဖြေပွဲ၌ ဖျော်ဖြေရန် အစီအစဉ်မှ ဘီယွန်ဆေးနှုတ်ထွက်

Coachella ဂီတဖျော်ဖြေပွဲ၌ ဖျော်ဖြေရန် အစီအစဉ်မှ ဘီယွန်ဆေးနှုတ်ထွက်

ကယ်လီဖိုးနီးယားပြည်နယ်တွင် လာမည့်ဧပြီလ၌ ကျင်းပမည့် Coachella ဂီတဖျော်ဖြေပွဲတွင ်ဖျော်ဖြေရန်စီစဉ် ထားသည့် အဆိုတော်ဘီယွန်ဆေးသည် ကိုယ်ဝန်လွယ်ထားရသည့်အပြင် ဆရာဝန်များ၏ ညွှန်ကြားချက်ကြောင့် အစီအစဉ်မှ နှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

အသက ်၃၅ နှစ်အရွယ်ရှိ အဆိုတော်ဘီယွန်းဆေးသည် အမြွှာရင်သွေးကိုယ်ဝန်အား လွယ်ထားရပြီး လာမည့်နှစ် ၂၀၁၈တွင် ကျင်းပမည့်ပွဲတွင် အဓိကဖျော်ဖြေတင်ဆက်သူအဖြစ်   ပြန်လည်ပါဝင်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“လာမည့်လများတွင် ဖျော်ဖြေရန် စီစဉ်ထားသည့် အချိန်ဇယားများကို ရပ်နားရန် ဆရာဝန်များက အကြံပေးခဲ့အပြီး မှာတော့ ဘီယွန်းဆေးက ၂၀၁၇ Coachella ဂီတနှင့် အနုပညာပွဲတော်တွင် ဖျော်ဖြေရန် အစီအစဉ်မှ နှုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပါတယ်”ဟု Golden Voice နှင့် Parkwood ဖျော်ဖြေရေးတို့မှ ပွဲစီစဉ်သူက ပြောခဲ့သည်။

“လာမည့် ၂၀၁၈မှာ ကျင်းပမည့်ပွဲကျရင် ဘီယွန်းဆေးဟာ အဓိက ဖျော်ဖြေတင်ဆက်သူအဖြစ် ပြန်လည်ပါဝင်လာ မှာဖြစ်ပါတယ်။ နားလည်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

ဘီယွန်းဆေးသည် ဧပြီ ၁၅ နှင့် ၂၂ရက်နေ့တွင် ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် ကျင်းပမည့် နှစ်စဉ်ကျင်းပနေ ကျပွဲတွင် အစက ဖျော်ဖြေရန် စီစဉ်ထားသော်လည်း ယခုအခါတွင် နှုတ်ထွက်သွားသောကြောင့် မည်သူနှင့် အစား ထိုးရမည်ကို မဆုံးဖြတ်ရသေးကြောင်း သိရသည်။

R&B အဆိုတော်ဖြစ်သူ သူမသည် ဖေဖေါ်ဝါရီ၁၂ရက်နေ့က ကျင်းပခဲ့သည့် ဂရမ်မီဆုပေးပွဲ၌ ကိုယ်ဝန်ကြီးနှင့် ဖျော်ဖြေခဲ့ပြီး ဆုနှစ် ဆုရ ရရှိခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly