ဟောလိဝုဒ်ရုပ်ရှင်လောက၏ အမြင့်ဆုံး ဂုဏ်ယူစရာတစ်ခုဖြစ်သော ဖေဖေါ်ဝါရီ ၂၆ရက်နေ့တွင် ကျင်းပမည့် အကယ်ဒမီဆုပေးပွဲအတွက် ဆုများစာရင်းသွင်းခံထားရသည့် Moonlight နှင့် Arrival ရုပ်ရှင်တို့၏ စာရေးဆရာ များသည် အမေရိကန်စာရေးဆရာအစည်းအရုံးမှ ချီးမြင့်သော ထိပ်သီးစာရေးဆရာဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
“Moonlight” ရုပ်ရှင်ကို ရေးသားသူနှစ်ဦးဖြစ်သော ဘယ်ရီဂျန်ကင်နှင့် တာရဲလ်မက်ခရာနေ တို့သည် အကောင်း ဆုံးမူရင်းဇာတ်ညွှန်းဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ “Moonlight” သည် မီယာမီရှိ လူမည်းယောင်္ကျားပျိုတစ်ဦး၏ ဘ၀ အတွက်ရုန်းကန်ရပုံကို ရိုက်ကူးထားသော ရုပ်ရှင်တစ်ခုဖြစ်သည်။
တက်ဒ်ချီအန်း၏ ဇာတ်လမ်းကို ကျောရိုးယူကာရေးသားထားသော စိတ်ကူးယဉ်သိပ္ပံဇာတ်ကား Arrival ၏ ဇာတ် ညွှန်းရေးဆရာ Eric Heisserer သည်လည်း အမေရိကန်စာရေးဆရာအစည်းအရုံးမှ ချီးမြှင့်သည့် အကောင်းဆုံး ပြန်လည်ပြင်ဆင်ထားသည့် ဇာတ်ညွှန်းဆုကို ရရှိခဲ့သည်။
အဆိုပါ ရုပ်ရှင်နှစ်ခုစလုံးသည် လာမည့်ဖေဖေါ်ဝါရီလ ၂၆ရက်နေ့တွင် ကျင်းပတော့မည့် အော်စကာဆုပေးပွဲ၌ အကောင်းဆုံးဓာတ်ပုံဆုအတွက် လျာထားခြင်းခံထားရပါသည်။