မြောင်းမြ အထက်တန်းကျောင်းအုပ်အား ကျောင်းသားက ပုဒ်မ ၃၇၇ဖြင့် အမှုဖွင့်

မြောင်းမြ အထက်တန်းကျောင်းအုပ်အား ကျောင်းသားက ပုဒ်မ ၃၇၇ဖြင့် အမှုဖွင့်

ကျောင်းသားတစ်ဦးက ဖေဖော်ဝါရီလ ၁၅ရက်နေ့ညပိုင်းတွင်  ကဝက်အထက်တန်းကျောင်းခွဲ ကျောင်းအုပ်ကြီးဦးအောင်အောင်အား မြောင်းမြမြို့၊မြို့မရဲစခန်းတွင် ပုဒ်၃၇၇ ဖြင့် အမှုအား ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

"ကျွန်တော်တို့မြို့မှာ စာမေးပွဲဖြေတုန်းက ဆရာကြီးခေါ်အိပ်တယ်၊ ညအိပ်ချိန် ဖြစ်တာပါ။ ကျွန်တော့ သူငယ်ချင်းတွေ ပြောပြတော့ မယုံလို့ သွားအိပ်တော့ သူလည်း ကျွန်တော့လို ဖြစ်တယ်”ဟု အမှုဖွင့်တိုင်ကြားသူ ကျောင်းသားက ပြောသည်။

အဆိုပါကျောင်းသားမှာ အသက် ၂၃ နှစ်ရှိပြီး ဆယ်တန်းဖြေဆိုမည့်ကျောင်းသားဖြစ်ကာ ယခုနှစ် ၁၀ တန်း မဖြေဆိုတော့ကြောင်း သိရသည်။

"ကလေးက အမှန်တိုင်းဖွင့်ဆိုလိုက်ပါတယ်။ ကလေးက သူ ကိုယ်တိုင်ပဲ တရားလိုလုပ်ပြီး ရဲစခန်းမှာ အမှုတိုင်တယ်ပေါ့။ ဆရာကြီးက သူလုပ်ခဲ့တဲ့ဖြစ်ရပ်တွေ အားလုံးပြောပါတယ်။ အခု ကျွန်တော်သိတာ ဆယ်ဂဏန်းကျော်သွားပါပြီ”ဟု ကဝက်အထက်တန်းကျောင်းခွဲ အထက်တန်းပြဆရာ ဦးအောင်မြတ်သူက ပြောသည်။

ကျောင်းဆရာများ ဂုဏ်သိက္ခာအတွက် အခုလိုမျိုး တိုင်ကြားရခြင်းဖြစ်ကြောင်း ကဝတ်အထက်တန်းကျောင်းခွဲမှ  ဆရာဦးကျော်စိုးက ပြောသည်။

“ဒီလိုမျိုး လိင်တူအကြမ်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူလောကထဲမှာ နားလည်နိုင်စွမ်းမရှိဘူး။ ကျွန်တော်တို့ လက်ခံနိုင်စွမ်းမရှိဘူး။ ဆရာ၊ ဆရာမလောကထဲမှာ ဒီလိုမျိုးလူတွေရှိနေလို့ ဂုဏ်သိက္ခာတွေ ကျနေရတာပါ။ ဂုဏ်သိက္ခာ မကျဖို့အတွက် ဒီလိုလူမျိုး ဆရာလောကထဲမှာ မထားသင့်ဘူးလို့ ထင်တယ်” ဟု ဆရာဦးကျော်စိုးက ပြောသည်။

မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်စိန်က "ဒီနှစ်မှာဖြစ်တာတော့မရှိဘူး အခု သက်ဆိုင်ရာက လာစစ်ဆေးနေပြီ”ဖြေကြားသည်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောင်းအုပ်ကြီးအား ဖုန်းဖြင့်ဆက်သွယ်ရာ ဖုန်းကိုင်ဖြေကြားခြင်းမရှိခဲ့ပါ။

ကဝတ်ကျောင်းအုပ်ကြီးအား ကျောင်းသားတစ်ဦးက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြောင်းမြမြို့မရဲစခန်းတွင် ပုဒ်မ၃၇၇ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး၊မြို့မရဲစခန်းမှ ပနံပတ်၇၈/၂၀၁၇ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြမြို့နယ်၊ ကဝက်ကျေးရွာ အထက်တန်းကျောင်းအုပ်ကြီး သည့် ကျောင်းသားများအား အလိုမတူဘဲ လိင်တူဆက်ဆံခြင်း၊ ကျောင်းသားများထံမှ   ငွေကြေးများ   ကောက်ခံခြင်း၊ နိုင်ငံတော်က ထုတ်ပေးသည် ကျောင်းထောက်ပံ့ကြေးရန်ပုံငွေများကို ပွင့်လင်းမြင်သာမရှိဘဲ သုံးစွဲနေခြင်းများအား စိစစ်အရေးယူပေးပါရန် ကဝက်အထက်တန်းကျောင်းက ဆရာများအချို့က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပညာရေးဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီး၊ မြန်မာနိုင်ငံရဲချုပ်တို့ထံ တိုင်ကြားစာများအား   ဖေဖော်ဝါရီလ၁၀ရက်နေ့တွင် ပေးပို့တိုင်ကြားထားကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly