ဧရာဝတီတိုင်းက ပြည်ထောင်စုနေ့အခမ်းအနား လွှတ်တော်အမတ်အချို့ တက်ခွင့်မရ၍ မကျေလည်မှုအချို့ဖြစ်ပေါ်

ဧရာဝတီတိုင်းက ပြည်ထောင်စုနေ့အခမ်းအနား လွှတ်တော်အမတ်အချို့ တက်ခွင့်မရ၍ မကျေလည်မှုအချို့ဖြစ်ပေါ်

ပုသိမ်၊ ဖေဖော်ဝါရီ ၁၂ ။              ။ ဧရာဝတီတိုင်းဒေသကြီးအစိုးရက ဦးဆောင်ကျင်းပသည့် နှစ်၇၀မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးကိုယ်စားလှယ်အချို့   နေရာသတ်မှတ်ထားမှုတွင် မပါဝင်၍ တက်ရောက်ခွင့်မရကြောင်း တိုင်းဒေသကြီးကိုယ်စားလှယ်များထံက သိရသည်။

"ဧရာဝတီတိုင်းဒေသကြီးက ကိုယ်စားလှယ်တွေ အခမ်းအနားတက်ရောက်အောင် လာတာပါ၊ နေရာချထားပေးတဲ့သူ ထပ်ပြောတဲ့စကားက နယ်လုံဝန်ကြီးကိုဆက်သွယ်ပါ။ နယ်လုံဝန်ကြီးက တက်ရောက်ခွင့်ပေးရန် သူအနေနဲ့ ခုံစီစဉ်ပေးနိုင်ပါတယ်လို့ ပြောတယ်" ဟု ကြံခင်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးသော်ဇင်ဝင်းကပြောသည်။

တိုင်းလွှတ်တော်ကိုယ်စားလှယ်များ ဧရာဝတီတိုင်းအစိုးရက ဦးဆောင်ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရန် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် တိုင်းဒေသကြီးလွှတ်တော်၌ လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌတို့က စာရင်းပေးရန် ဖိတ်ကြားခဲ့သည်ဟု ကြံခင်းအမတ် ဦးသော်ဇင်ဝင်းက ပြောသည်။

အခမ်းအနားနေရာချထားပေးသည့် တာဝန်ရှိသူက "ကျွန်တော်တို့ ဖိတ်ကြားထားတဲ့ စာရင်းအတိုင်းလုပ်ပေးထားတာပါ”ဟု ပြောသည်။

လွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်ကမူ "ကျွန်တော်တို့ ကိုယ်စားလှယ်နှစ်ယောက်က ပင်လုံသွားရတယ်။ အမြဲတမ်းစာရင်းတွေလုပ်ပြီးပေးပို့တယ် ကိုယ်စားလှယ်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်က ဧရာဝတီတိုင်း NLDအတွက် ပြည်ထောင်စုနေ့အတွက်သွားရတယ်၊ကိုယ်စားလှယ်တွေ ပြန်တဲ့သူပြန်၊ ကျန်တဲ့သူစာရင်းကို ခုံချထားပေးသူတွေကို မပို့ဖြစ်ဘူး၊ မောင်းထုတ်တာတော့ မဟုတ်ဘူး စကားလုံးအရ အဲဒီလိုစွပ်စွဲလို့ ရတယ်။ ဖိတ်ကြားထားတဲ့ စာရင်းတွေ ညကမှ ချုပ်ရတာ”ဟု ပြာသည်။

ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ခဲ့သည့် မြောင်းမြမြို့နယ်၊ ဝါးခယ်မြိုနယ်နှင့် အိမ်မဲမြို့နယ်ကိုယ်စားတို့တက်ရောက်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့နယ်ကိုယ်စားလှယ်ဒေါ်ခိုင်ဇင်ဦးက "ကျွန်မတို့က နေရာမရှိရင် မတ်တက်ရပ်တက်မယ်ဆိုလို့ ရောစီစဉ်ပေးတယ် ”ဟု ပြာသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရ နှစ်၇၀ပြည့် ပြည်ထောင်စုအခမ်းအနားကို ပုသိမ်မြို့၊ ပြည်ထောင်စုကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly