ကိုယ်စားလှယ်များအား အလိုမကျပါက အချိန်မရွေးဆက်သွယ်ပါဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌ ပြော

ကိုယ်စားလှယ်များအား အလိုမကျပါက အချိန်မရွေးဆက်သွယ်ပါဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌ ပြော

ပုသိမ်၊ ဖေဖော်ဝါရီ ၉ ။            ။ ဧရာဝတီတိုင်းဒေသကြီးကိုယ်စားလှယ်များကို အလိုမကျရင် အချိန်မရွေးဆက်သွယ်အသိပေးပါ ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က   ပြည်သူများအား နှစ်ပတ်လည်အနေဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပြောသည်။

"အစိုးရအဖွဲ့အနေနဲ့ရှိနေတယ် ။အခက်အခဲကိုလည်း ကျွန်တော်တို့နားလည်ပါတယ်၊ လက်ပိုက်ကြည့်နေရမယ် အနေအထားမသင့်တော်ပါဘူး။ ကျွန်တော်တို့ အစိုးရကို တိုက်တွန်းသင့်တဲ့အရာတွေကို တိုက်တွန်းပါတယ်။ မေးသင့်တဲ့မေးခွန်းတွေ မေးပါတယ်။ ကျွန်တော်တို့ကိုယ်စားလှယ်တွေ ကိုယ်တိုင် ပညာသင်ယူရတဲ့အပိုင်းတွေ ရှိနေပါတယ် ။ အဲဒီကြားထဲ ဟန်ချက်ညီညီသွားနေရတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က မဇ္ဈိမသို့ ပြောသည်။

“တိုင်းဒေသကြီးကိုယ်စားလှယ်များဟာ ပြည်သူနဲ့ထိတွေမှုများတဲ့အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကို ယုံယုံကြည်ကြည် အားကိုးကြပါ။ ဝေလည်းဝေဖန်ပါ။ တိုင်းဒေသကြီး ကိုယ်စားလှယ်များကို ပြည်သူများ ဆုံးမသင့်လည်း ဆုံးမပါ။ တိုက်တွန်းသင့်တာလည်း တိုက်တွန်းပါ။ အကြံပေးသင့်တာလည်း အကြံပေးပါ ။ အလိုမကျမှုဖြစ်ရင် ကျွန်တော်တို့ကို အချိန်မရွေး ဆက်သွယ်အသိပေးပါ” ဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဆက်လက်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးအား ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် လွှတ်တော်အစည်းအဝေးအား စတင်ကျင်းပပြုလုပ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၁၈ ယောက်၊ ရွေးချယ်ခံကိုယ်စားလှယ် ၅၂ ဦး၊ တိုင်းရင်းသားကိုယ်စားလှယ်၂ဦး၊ စုစုပေါင်း ၇၂ ဦး ရှိသည်။

“ အခုအချိန်အထိလည်း မေးခွန်းတစ်ရာကျော်လောက်မေးပြီး၊မေးခွန်းမမေးရသေးတဲ့ ကိုယ်စားလှယ်သိပ်မကျန်တော့ဘူး။ မေးခွန်းအဆိုတွေ ဒီတစ်နှစ်တော့ မှန်မှန်လေးသွားနေတယ် ” ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က တိုင်းဒေသကြီးလွှတ်တော်တွင် မေးခွန်းနှင့်အဆိုဆွေးနွေးမှု အခြေအနေအား ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly