လူမျိုးရေးခွဲခြားသော ပုံစံရှိသည့် ချစ်သူဂျီဂျီဟာဒစ်၏ ဗီဒီယိုဖိုင်အတွက် ဇိန်းမာလစ် ကာကွယ်ပြော

လူမျိုးရေးခွဲခြားသော ပုံစံရှိသည့် ချစ်သူဂျီဂျီဟာဒစ်၏ ဗီဒီယိုဖိုင်အတွက် ဇိန်းမာလစ် ကာကွယ်ပြော

ဂျီဂျီဟာဒစ်၏ ညီမဖြစ်သူ ဘယ်လာဟာဒစ်သည် အင်တာနက်ပေါ်သို့ ဂျီဂျီ၏ လူမျိုးရေးခွဲခြားသော ပုံစံရှိသည့် ဗီဒီယိုဖိုင်အား တင်ခဲ့ပြီးနောက်တွင် အဆိုတော် ဇိန်းမာလစ်ကသူ၏ ချစ်သူဂျီဂျီဟာဒစ်ဘက်မှ ကာကွယ်ပြောကြား ခဲ့ပါသည်။

ထိုဗီဒီယိုဖိုင်ထဲတွင် ဂျီဂျီသည် ဗုဒ္ဓ၏ ပုံသဏ္ဍာန်ရှိသော ကွတ်ကီးမုန့်တစ်ခုကို မြှောက်ထားပြီး သူမ၏ မျက်လုံးများ ကိုမှေးထားကာ ပြုံးနေခဲ့ပါသည်။ ထို့နောက် ဘယ်လာဟာဒစ်သည် သူမ၏ ပရိတ်သတ်များက  ဒါဟာအာရှလူမျိုး များအမြင်တွင် လူမျိုးရေးခွဲခြားသော ပုံစံရှိသည်ဟု ဆိုခဲ့ကြသောကြောင့် ပြန်ဖျက်ခဲ့ပါသည်။

သို့သော်လည်း ထိုဗီဒီယိုဖိုင်အား အင်တာနက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေပြီးသွားပြီဖြစ်ပါသည်။

ပရိတ်သတ်များသည် အဆိုပါ ဗီဒီယိုအတွက် မေးခွန်းများထုတ်ခဲ့သောကြောင့် ဇိန်းမာလစ်ကသူ၏ တွစ်တာပေါ်၌ “ကျနော့်ကိုယုံပါ။ သူမဟာ အာရှလူမျိုးတွေကို တကယ်နှစ်သက်ပါတယ်” ဟု ကာကွယ်ရေးသားခဲ့သည်။

ဒါဟာ ဂျီဂျီအတွက်တော့ ပထမဦးဆုံး ဝေဖန်ခံရခြင်း မဟုတ်ဘဲ ပြီးခဲ့သော နှစ်ကပြုလုပ်ခဲ့သော အမေရိကန်ဂီတဆု ပေးပွဲ၌ တွဲဖက် အစီအစဉ်မှူးလုပ်စဉ်တုန်းကလည်း သူမ၏ အပြုအမူများအတွက် တောင်းပန်ခဲ့ရဖူးပါသည်။

သူမသည် အဆိုပါ အခမ်းအနား၌ သမ္မတကတော်ဖြစ်လာမည့် မီလန်နီယာထရမ့်၏ အမူအရာတိုင်းဟန်လုပ်ကာ သူမ၏ ဥရောပလေယူလေသိမ်းအတိုင်း တုပပြောဆိုခဲ့၍ ဝေဖန်ခံခဲ့ရပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags