မောင်တော၌ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရ

မောင်တော၌ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရ
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ။            ။ မောင်တောမြို့နုယ် ဂွဆုံကျေးရွာ အဝင်လမ်း ရေချိုပုဇွန်ကန်အနီး၌ လူတစ်ဦးအသတ်ခံထားရပြီး သေဆုံးသူသည် ဂွဆုံကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း အီဒရစ် ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။ အဆိုပါ လူသတ်မှုဖြစ်စဉ်သည် ယမန်နေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သေဆုံးသူအား နယ်မြေခံရဲတပ်ဖွဲ့ဝင်များက စစ်ဆေးကြည့်ရှုရာတွင် လည်ပင်းဝဲဘက် ထိုးသွင်းလှီးဖြတ်ဒဏ်ရာ ၂ ချက်၊ ယာရင်အုံအောက်ဘက် ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ယာနံကြား ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာလက်ကောက်ဝတ် လှီးဖြတ်ဒဏ်ရာ ၁ ချက်တို့ဖြင့် ထိခိုက်သေဆုံးနေခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ငါးခူရနယ်မြေရဲစခန်းမှ တရားဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly