မင်းသမီးအင်ဂျလီနာဂျိုလီက ဒေါ်နယ်ထရမ့်၏ ခရီးသွားလာခွင့်ပိတ်ပင်မှုအား ဝေဖန်ပြစ်တင်

မင်းသမီးအင်ဂျလီနာဂျိုလီက ဒေါ်နယ်ထရမ့်၏ ခရီးသွားလာခွင့်ပိတ်ပင်မှုအား ဝေဖန်ပြစ်တင်

လူ့အခွင့်အရေးအားပေးသူ မင်းသမီးအင်ဂျလီနာဂျိုလီသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မွတ်စလင် အများစုနေထိုင်ရာ တိုင်းပြည်များမှ ခရီးသွားသူများအား လာရောက်ခွင့်ပိတ်ပင်ခြင်း အထူးအမိန့်သည် အားနည်း သော ဒုက္ခသည်များအား နာကျင်ထိခိုက်စေနိုင်ပြီး အစွန်းရောက်ဝါဒကို အားပေးလိုက်ခြင်းဖြစ်သည်ဟု ပြီးခဲ့သော ကြာသာပတေးနေ့က ပြောခဲ့သည်။

ဒုက္ခသည်များအတွက် ကမ္ဘာ့ကုသလမဂ္ဂမဟာမင်းကြီးရုံးမှ အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်နေသော ဂျိုလီက ထရမ့်၏ နာမည်အား တိုက်ရိုက်ပြောကြားဝေဖန်ခဲ့ခြင်း မရှိသော်လည်း ဘာသာတရားကို အခြေပြု၍ခွဲခြား ဆက်ဆံခြင်းသည် မီးနှင့် ကစားခြင်းသာဖြစ်သည်ဟု သူမ၏ အမြင်အား နယူးယောက်တိုင်းမ်သို့ ပြောခဲ့သည်။

အော်စကာဆုရှင်နှင့် ကလေးခြောက်ဦးမိခင်ဖြစ်သူဂျိုလီက “ကျမရဲ့သားသမီးတွေဟာ နိုင်ငံရပ်ခြားမှာမွေးဖွားခဲ့ တာဖြစ်ပေမယ့် အမေရိကန်နိုင်ငံသားဖြစ်ရတာကို ဂုဏ်ယူနေကြသူတွေပါ”ဟုပြောခဲ့ပြီး သူမရဲ့ နိုင်ငံဟာလုံခြုံမှု ရှိဖို့လိုအပ်ကြောင်း ယုံကြည်သော်လည်း ဆုံးဖြတ်ချက်များကို အချက်အလက်တွေအပေါ် မူတည်၍ ဆုံးဖြတ်ရမှာ သာဖြစ်ပြီး အကြောက်တရားအပေါ် အခြေခံ၍ ဆုံးဖြတ်ရမှာ မဟုတ်ကြောင်းလည်း ပြောခဲ့သည်။

ထရမ့်၏ အထူးအမိန့်အရ အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယားနှင့် ယီမင်တို့မှ နိုင်ငံသားများအား အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရက်ကိုးဆယ်ခန့် မဝင်ရောက်ရန် တားမြစ်ထားသည်။ ဒါ့အပြင် ဒုက္ခသည်ခေါ် ယူခြင်း အစီအစဉ်အား ရက်၁၂၀ခန့်ဆိုင်းငံ့ထားပြီး ဆီးရီးယားမှ ဒုက္ခသည်များခေါ်ယူခြင်းအား လုံးဝတားမြစ်ထားသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly