ကလေးမွေးစားဖို့ စီစဉ်နေသည်ဆိုသော ကောလဟာလများအား မက်ဒေါနားငြင်းဆို

ကလေးမွေးစားဖို့ စီစဉ်နေသည်ဆိုသော ကောလဟာလများအား မက်ဒေါနားငြင်းဆို

နာမည်ကျော်ပေါ့ပ်အဆိုတော် မက်ဒေါနားက မာလဝီနိုင်ငံမှ နောက်ထပ်ကလေးနှစ်ဦးအား မွေးစားဖို့လျှောက်ထား ခဲ့သည်ဆိုသော ကောလဟာလများအား ငြင်းဆိုခဲ့ပါသည်။

အဆိုပါကောလဟာလသည် မာလဝီအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အသက်၅၈နှစ်အရွယ် ရှိပြီဖြစ်သည့် မက်ဒေါနားသည် တရားရုံးတော်သို့ရောက်ရှိလာခဲ့ကာ ကလေးမွေးစားဖို့အတွက် စိတ်ဝင်စားကြောင်း လျှောက်ထားခဲ့သည်ဟု သတင်းစာများအား ပြောကြားခဲ့အပြီးတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

မက်ဒေါနားသည် လက်ရှိတွင် အာဖရိကနိုင်ငံသို့ ရောက်ရှိနေသော်လည်း သူမဟာ ပရဟိတဒါနရည်ရွယ်ချက် သက်သက်ဖြင့်သာ အလည်ရောက်လာတာဖြစ်ကြောင်း ပြောခဲ့သည်။

“ကလေးမွေးစားဖို့အတွက် လုပ်ဆောင်နေတယ်ဆိုတဲ့ ကောလဟာလတွေဟာ အမှားကြီးဖြစ်ပါတယ်”ဟုသူမက ပြောခဲ့သည်။ “ကျမဟာ မာလဝီနိုင်ငံ ဘလန်တာမြို့မှာရှိတဲ့ ကလေးဆေးရုံကို လာရောက်ကြည့်ရှုတာဖြစ်ပြီး မာလဝီမှာ ရံပုံငွေမြှင့်တင်ရေးကိစ္စတွေ လုပ်ပြီးတာနဲ့အိမ်ကို တန်းပြန်မှာဖြစ်ပါတယ်”ဟု သူမကပြောခဲ့သည်။

မက်ဒေါနားသည်ယခင်က ဒေးဗစ်ဘန်ဒါနှင့်မာစီဂျိမ်းအမည်ရှိ ကလေးနှစ်ဦးကို ၂၀၀၆ခုနှစ်နှင့် ၂၀၀၉ခုနှစ်တို့တွင် အာဖရိကနိုင်ငံမှ ခေါ်ယူမွေးစားခဲ့ဖူးပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags