ပုသိမ်-သာပေါင်း ရေပြွန်နှစ်ခု အရည်သွေးမမီ၍ အင်ဂျင်နီယာမှ ပြန်လျော်ရန် တိုင်းဝန်ကြီးဆုံးဖြတ်

ပုသိမ်-သာပေါင်း ရေပြွန်နှစ်ခု အရည်သွေးမမီ၍ အင်ဂျင်နီယာမှ ပြန်လျော်ရန် တိုင်းဝန်ကြီးဆုံးဖြတ်

ပုသိမ်၊ ဇန်နဝါရီ ၂၇ ။            ။ ပုသိမ်-သာပေါင်းကားလမ်းပေါ်ရှိ အရည်အသွေးမမီ ရေပြွန်နှစ်ခုအား ဆောက်လုပ်သည့် အင်ဂျင်နီယာက ပြန်လျော်ကာ အသစ်တည်ဆောက်ရမည်ဟု တိုင်းဝန်ကြီးမှ ဆုံးဖြတ်ခဲ့သည်။

"တံတားကိုအသစ်ပြန်ထည့်၊ ဘတ်ဂျက်နဲ့လုပ်တာဖြစ်လို့ ပြန်ဖြိုမယ်၊ ဖြိုလို့ကုန်ကျစရိတ် ပြန်တည်ဆောက်စရိတ် တွက်ပြီးဖြစ်လိမ့်မယ် တာဝန်ရှိတဲ့သူက လျော့ရမယ်”ဟု လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေးက ပြောသည်။

သာပေါင်းမြို့နယ် ရေကြီးမှုလျော့ကျရန် ပုသိမ်-သာပေါင်းကားလမ်းပေါ်တွင် ရေထွက်ရန် တံတား ၁၈ စင်းအား ဆောက်လုပ်နေပြီး တံတားများအား လမ်းဦးစီးဌာနမှ တာဝန်ယူဆောက်လုပ်ခြင်းဖြစ်သည်။

“ရေပြွန်တွေကို လိုက်စစ်တော့ အရည်အသွေးမမှီတာတွေ့လို့ သက်ဆိုင်အကြောင်းကြားတော့ ဝန်ကြီးက စစ်ပြီး အသစ်ပြန်တည်ဆောက်ဖို့ ကုန်ကျစရိတ်ကို တာဝန်ယူဆောက်လုပ်သူက   လျော်ဖို့ဆုံးဖြတ်တယ် ” ဟု သာပေါင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ပြောသည်။

ယခုဆောက်ပြီး အနေအထားအထိ တံတားကုန်ကျစရိတ်မှာ ၅၇ သိန်း ရှိကြောင်းသိရှိရပြီး၊ တံတားနှစ်စင်းအား တာဝန်ယူသည့်အင်ဂျင်နီယာက လျော်ရမည်ဖြစ်သည်။

ပုသိမ်-သာပေါင်း ကားလမ်းပေါ်ရှိ အရည်အသွေးမမှီ တံတားနှစ်စင်းမှာ သာပေါင်းမြို့နယ် ကွင်းကောက်ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာနှင့်ရွှေစံကုန်းကျေးရွာအုပ်စု ကျောက်စရစ်ကျေးရွာများမှ တံတားများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly