မြန်မာနိုင်ငံရှိတွင် လူအခွင့်အရေး လှုပ်ရှားသူများကို ဖမ်းဆီးမှု ပိုမိုစိပ်လာသည်ဟုဆို

မြန်မာနိုင်ငံရှိတွင် လူအခွင့်အရေး လှုပ်ရှားသူများကို ဖမ်းဆီးမှု ပိုမိုစိပ်လာသည်ဟုဆို
လက်ပံတောင်းတောင် စီမံကိန်းတွင်း ဆန္ဒပြမှုကို အကြမ်းဖက် ဖြိုခွင်း၍  ဒေါ်ခင်ဝင်း သေဆုံးခြင်းနှင့်ပတ်သက်ပြီး  ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင်  တက်ကြွလှုပ်ရှားသူများ ဆန္ဒပြစဉ်။  ဓာတ်ပုံ - မဇ္စျိမ

ရန်ကုန်  ဇူလိုင် ၂၃ ။    ။ မြန်မာနိုင်ငံတွင် လူအခွင့်အရေးပညာပေး လှုပ်ရှားမှုများကိ ု ခွင့်ပြုလာသော်လည်း လူအခွင့်အရေး လှုပ်ရှားသူများကို ဖမ်းဆီးမှု ပိုမိုစိပ်လာသည် ဟု  လူ့အခွင့်အရေး လှုပ်ရှားသည့် Equality Myanamar မှ ဒါရိုက်တာ ဦးအောင် မျိုးမင်းက ဇူလိုင် ၂၃ရက်တွင်  မဇ္စိမကို ပြောသည်။

ဦးအောင်မျိုးမင်းက”  အခုဆိုရင် လူအခွင့်အရေးလှုပ်ရှားသူတွေကိ ုဖမ်းဆီးမှု ပိုမိုစိပ်လာတယ်။ ဒါနဲ့ ပတ်သက်ပြီး သတင်းမီဒီယာ ကတစ်ဆင့်ဒါကို ရပ်တန့်ပေးဖို့၊နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆပ်စပ်ပြီး ဒါကို နိုင်ငံတကာ ကသိအောင် လုပ်ဆောင်ပေးကာ ရပ်တန့်ပေးဖို့ လုပ်ဆောင် နေပါတယ်။”ဟုဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးပညာပေးမှုလုပ်ဆောင်ခြင်းကို ယခင်ကထက်ပိုမိုပွင့်လင်းစွာ လှုပ်ရှားလာနိုင် ပြီဖြစ်သော် လည်းအခြားတစ်ဖက်တွင်  အသိပညာပေးမှု ရရှိပြီးသူများ၏ လှုပ်ရှားမှုများ ကိုခွင့်မပြုခြင်းများ ၊အင်အားသုံးဖြိုခွင်းမှုများ၊ မီဒီယာ ကန့်သတ်မှုများရှိနေဆဲဖြစ်သဖြင့်  မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးအပြည့်အ၀ မရသေးဟုဆိုနိုင်ကြောင်း ဦးအောင်မျိုးမင်း ကဆို သည်။   

ထိုသို့မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကာကွယ်လုပ်ဆောင်ပေးနိုင်ရန် အတွက် လူ့အခွင့်အရေး ပညာပေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ  စုစည်း လုပ်ဆောင်သွားနိုင်ရန်နှင့် အစိုးရ အနေဖြင့် ကျောင်းသင်ခန်းစာ များမှတစ်ဆင့် လူ့အခွင့် အရေးသင်ကြားမှုများ လုပ်ဆောင်လာအောင် လှုံ့ဆော် သွားနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော လူ့အခွင့်အရေးပညာပေး သူများ ကွန်ရက် (Human Rights Educators’ Network -HREN)ကို ဇူလိုင်လ  ၁၆ရက်တွင် ဖွဲ့စည်း လိုက်သည်ဟု ဦးအောင်မျိုးမင်း ကဆိုသည်။

ထိုကွန်ရက်ကို ပြည်နယ်နှင့်တိုင်းအသီးသီးရှိ အဖွဲ့ပေါင်း (၄၅) ဖွဲ့မှ လူ့အခွင့်အရေးပညာပေးသူ နည်းပြ ၃၀၀ဖြင့် စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။

ဦးအောင်မျိုးမင်းက “ ကွန်ရက်မှာ  လူ့အခွင့်အရေးပညာပေးမှုလုပ်ဆောင်နေသူတွေသာမက လူ့အခွင့်အရေး ကာကွယ်ပေး သူတွေလည်းပါတယ်။ သူတို့ က လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ရပ်ရွာအဆင့်လား ၊ဒေသအဆင့်လား ၊နိုင်ငံတော်အဆင့် လားဆိုပြီးစနစ်တကျမှတ်တမ်းတင်ပါတယ်။ လူအခွင့်အရေးချိုးဖောက်ခံရမှုတွေကိ ု လူအခွင့်အရေးကော်မရှင်ရုံးကို တိုင်ကြားပေး မှုတွေ လုပ်တယ်”ဟုဆိုသည်။

အဆိုပါကွန်ရက်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက်  တရားဥပဒေအတိုင်း မှန်ကန်စွာဖြစ်စေရေး လူ့အခွင့် အရေးကော်မရှင်သို့ တိုက်တွန်းခြင်း၊ နိုင်ငံတကာသို့ တင်ပြသည့် အစီအရင်ခံများတွင် ဖော်ပြခြင်းတို့လုပ်ဆောင်သကဲ့သို့  လတ်တလောတွင် လက်ပံတောင်း ကြေးနီစီမံကိန်း မှ ဒေါ်ခင်ဝင်းသေဆုံးသည့်ကိစ္စနှ င့်ကျောင်းသားများကိ ုအင်အားသုံး အကြမ်းဖက် ဖြိုခွင်း ခြင်းများကို လည်း မြန်မာနိုင်ငံ  လူ့အခွင့်အရေးကော်မရှင်မှ ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းထားသည်ဟု ဆိုသည်။

ကွန်ရက်တွင်ပါဝင်သော လူ့အခွင့်အရေးပညာပေးသူများ အကြား သတင်းဗဟုသုတများကို စဉ်ဆက်မပြတ်ဖလှယ်ပေး၍ စွမ်းရည်မြှင့်တင်ရန်၊ လူ့အခွင့်အရေးပညာပေး ခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိရောက်စွာလုပ်ဆောင်ရန်၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့များ အနေဖြင့် လူ့အခွင့်အရေးတာဝန်ယူမှု၊ တာဝန်ခံမှုများ အားကောင်းလာစေရန် အတွက်တောင်းဆို လှုပ်ရှားမှုများ အား ပံ့ပိုးကူညီရန်၊ အစိုးရအနေဖြင့် လူ့အခွင့်အရေးပညာပေးခြင်းကို ကျောင်းသင်ရိုးညွန်းတမ်းများနှင့် နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ထိရောက်စွာလုပ်ဆောင်နိုင်အောင် လှုံ့ဆော်ရန် စသည့် ရည်ရွယ်ချက်လေးခုကို ချမှတ် ထားသည်ဟု လည်း ၎င်း ကဆိုသည်။

ယင်းကွန်ရက်အနေဖြင့် လူ့အခွင့်အရေးပညာပေးနည်းပြသင်တန်းများ၊ မွန်းမံသင်တန်းများကို ဖွင့်လှစ်ပြီး ပြည်နယ် နှင့်တိုင်းများမှ လူ့အခွင့်အရေးလေ့လာလုပ်ဆောင်လိုသူများကို ဖိတ်ခေါ် လေ့ကျင့်ခြင်းနှင့်  လူ့အခွင့်အရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုများကို အခြားသော အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ပူပေါင်း လုပ်ဆောင်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly