အော်စကာဆုပေးပွဲအတွက် ဆုလျာထားခံရသည့်စာရင်း၌ La La Land ဇာတ်ကားဦးဆောင်

အော်စကာဆုပေးပွဲအတွက် ဆုလျာထားခံရသည့်စာရင်း၌ La La Land ဇာတ်ကားဦးဆောင်

ယခုနှစ်တွင် ကျင်းပမည့် အော်စကာဆုပေးပွဲအတွက် La La Land ဇာတ်ကားသည် ဆုပေါင်း ၁၄ဆု၌ စာရင်းသွင်း ခံထားရပြီး အခြားဇာတ်ကားများထက် အရေအတွက်များစွာပိုကာ ထိပ်ဆုံးမှ ဦးဆောင်နေပါသည်။

မင်းသား ရိုင်ယန်ဂေါ့စ်လင်းနှင့် မင်းသမီးအမ်မာစတုန်းတို့ဟာ သူတို့ပါဝင်သရုပ်ဆောင်ထားတဲ့အဆိုပါဂီတ နောက်ခံဇာတ်ကားနှင့်အတူ အကောင်းဆုံးမင်းသားနှင့် မင်းသမီးဆုတို့အတွက် လျာထားခြင်း ခံထားရပါသည်။

စိတ်ကူးယဉ်သိပ္ပံဇာတ်ကား Arrival နှင့်ဒရာမဇာတ်ကား Moonlight တို့ဟာလည်း ဆုပေါင်း ၈ ဆုအတွက် အသီးသီး လျာထားခံထားရပါသည်။

Moonlight ဇာတ်ကားမှ ဗြိတိန်သရုပ်ဆောင်မင်းသမီးနာအိုမီဟားရစ်ဟာလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုအတွက်လျာထားခြင်းခံရသလို အခြားဗြိတိန်သရုပ်ဆောင်ဖြစ်သူမင်းသား ဒဗ်ပတယ်လ်ဟာလည်းLion ဇာတ်ကားနှင့်အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုအတွက်လျာထားခြင်းခံရပါသည်။

La La Land ဇာတ်ကားဟာဆုပေါင်း၁၄ဆုအတွက်လျာထားခံရခြင်းကြောင့် ၁၉၅၁ခုနှစ်မှ All About Eve နှင့် 1998 ခုနှစ်မှ Titanic ဇာတ်ကားတို့နှင့်အတူ လျာထားခံရသည့် ဆုအရေအတွက် စံချိန်ခြင်း တူညီသွားပြီဖြစ်ပါသည်။

ဒါ့အပြင် La La Land သည်အော်စကာဆုပေးပွဲသမိုင်း၌ ဆုပေါင်း၁၃ဆုအတွက်လျာထားခံခဲ့ရသောဂီတနောက် ခံဇာတ်ကားများဖြစ်သည့် Mary Poppins ဇာတ်ကားနှင့် Chicago တို့ကို   ကျော်ဖြတ်ကာ ဆုအများဆုံးလျာထား ခံရသော ဂီတနောက်ခံဇာတ်ကားတစ်ခုဖြစ်လာပါသည်။

ဇာတ်ကားရဲ့ဒါရိုက်တာဖြစ်သူ ဒေမီယန်ချက်ဇဲဟာလည်း အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုနှင့်ဒါရိုက်တာဆု နှစ်ဆုလုံးအတွက်စာရင်းသွင်းခံထားရပါသည်။ အော်စကာဆုပေးပွဲကို ၂၀၁၇ခုနှစ် ဖေဖေါ်ဝါရီ ၂၆ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ပြီး ဂျင်မီကင်မဲလ်က အစီအစဉ်မှူးအဖြစ်တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags