ဟောလိ၀ုဒ်ရှိ နိုက်ကလပ်၌ သေနတ်ပစ်ခတ်မှုမှ သီသီကလေး လွတ်မြောက်ခဲ့သည့် အဆိုတော် Liam Payne

ဟောလိ၀ုဒ်ရှိ နိုက်ကလပ်၌ သေနတ်ပစ်ခတ်မှုမှ သီသီကလေး လွတ်မြောက်ခဲ့သည့် အဆိုတော် Liam Payne

နာမည်ကျော်ဟောလိဝုဒ် နိုက်ကလပ်အတွင်းသို့ ဝင်ရောက်ခွင့် မရရှိခဲ့သောကြောင့် အမျိုးသားတစ်ဦးမှ သေနတ် ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်ရပ်မှ One Direction အဖွဲ့၏စတားအဆိုတော် Liam Payne သီသီကလေး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

အသက်၂၃နှစ်အရွယ်ရှိ နာမည်ကျော်အဆိုတော်သည် ပြီးခဲ့သော စနေနေ့ညတုန်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ သောလော့စ်အိန်ဂျယ်လိစ်ရှိ ဟောလိဝုဒ်အနောက်ပိုင်းမှ နာမည်ကျော် ကလပ်တစ်ခုဖြစ်သော The Peppermint Club တွင် ပျော်ရွှင်ကခုန်နေခဲ့ကြောင်း သိရသည်။

အမေရိကန်မှလာသော သတင်းတင်ပြချက်များအရ အဆိုပါ သေနတ်ပစ်ခတ်ခဲ့သူ အမျိုးသားသည် မှတ်ပုံတင် အထောက်အထားအတုဖြင့် အထဲကိုဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ပြီးနောက် လုံခြုံရေးများဖြင့် လုံးထွေးသတ်ပုတ်ခဲ့သည် ဟု သိရသည်။ ထို့နောက်သူသည် သေနတ်ထုတ်ပြခဲ့ပြီး ကားပါကင်၌ ပစ်ဖောက်ခဲ့သည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ချိန်၌ Liam ဟာ နိုက်ကလပ်အတွင်း၌ ရှိနေကြောင်း သတင်းများအရ သိရသည်။ ဖြစ်စဉ် အတွင်း၌ ကြောက်လန့်နေသော ကလပ်အတွင်းရှိ လူတစ်ဦးကလည်း “The peppermint ကလပ်မှာ သေနတ် ပတ်ခတ်မှုဖြစ်နေတယ်။ ငါအခုအရမ်းကို ကြောက်ရွံ့တုန်လှုပ်နေတယ်”လို့ တွစ်တာ၌ ရေးသားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags