ပုသိမ်အကျဉ်းထောင်ဆူပူအောင်လုပ်သည့် အကျဉ်းသား၄ဦးအား ပုသိမ်မြို့နယ်တရားရုံး အမိန့်ချ

ပုသိမ်အကျဉ်းထောင်ဆူပူအောင်လုပ်သည့် အကျဉ်းသား၄ဦးအား ပုသိမ်မြို့နယ်တရားရုံး အမိန့်ချ

ပုသိမ်၊ ဇန်နဝါရီ ၁၈ ။           ။ ပုသိမ်အကျဉ်းထောင်တွင် ဆူပူမှုဖြစ်အောင် လုပ်ဆောင်ပြီး ဝန်ထမ်းကို ကိုယ်ထိလက်ရောက် ကျုးလွန်သည့်အကျဉ်းသားလေးဦးအား ပုသိမ်မြို့နယ်တရားရုံးမှ ဇန်နဝါရီလ ၁၈ရက်နေ့တွင် မြို နယ်တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

"သူတို့ စစ်ဆေးပြီးတဲ့နောက် ပေါ်ပေါက်ချက်တွေအရ သူတို့စွဲဆိုထားတဲ့ပုဒ်မတွေ ကျုးလွန်တာမျိုးမဟုတ်ဘဲ ရာဇသတ်ကြီးပုဒ်မ ၃၅၃ ကို ကျုးလွန်တာမို့ ဆွဲချက်တင်ပြီး အမိန့်ချမှတ်လိုက်တယ်” ဟု ပုသိမ်မြို့နယ်တရားသူကြီးဦးဝင်းအောင်က အမှုနဲ့ပတ်သက်ပြီး ပြောသည်။

လက်ရောက်ကျူးလွန်သူအား ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လ၊ အခြား သုံးယောက်အား ထောင်ဒဏ်တစ်နှစ်စီ ချမှတ်လိုက်ကြောင်း သိရပြီး ရာဇသတ်ကြီးပုဒ်မ ၃၅၃ အရ လက်ရောက်ကျူးလွန်မှုမှာ ပြစ်ဒဏ် ၂နှစ်ထိ ချမှတ်နိုင်သည်။

“ ပုသိမ်အကျဉ်းထောင်မှာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင်  တိုက်အမှတ် ၄ မှာထားတဲ့ အကျဉ်းသားလေးယောက်က တံခါးတာဝန်လာလဲသည့် တာဝန်ကျဝန်ထမ်းကို မချေမငံပြောပြီး ပြဿနာရှာတယ်။ တိုက်တံခါးကိုဖျက်ပြီးတော့  ဝန်ထမ်းဆီက သော့ကိုလိုက်လုတော့ မိန်းဂျေးလ် တာဝန်ကျဝန်ထမ်းက တားလို့အဲဒီဝန်ထမ်းကိုထိုးကြိတ်ပြီး ကြိုးစားတယ်။ အဲဒါကြောင့် အကျဉ်းသားလေးဦးကို အမှုဖွင့်ခဲ့တာပါ ” ဟု အကျဉ်းထောင်တာဝန်ခံ၊ လက်ထောက်ညွန်ကြားရေးမှူ း ဦးကြည်စိုးက ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြောသည်။

ပုသိမ် အကျဉ်းထောင်တွင် ပြဿနာဖြစ်သည့် အကျဉ်းသားလေးဦးမှာ တခြားအကျဉ်းထောင်မှ ပြောင်းရွေ့ရောက်ရှိလာသည့်အကျဉ်းသားများဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly