လက်ဝတ်ရတနာများ ခိုးယူမှု ရုပ်ရှင်ကားတွင် ဧည့်သည် သရုပ်ဆောင်အဖြစ် ပါ၀င်မည့် ကင်မ်ကာဒါရှန်း

လက်ဝတ်ရတနာများ ခိုးယူမှု ရုပ်ရှင်ကားတွင် ဧည့်သည် သရုပ်ဆောင်အဖြစ် ပါ၀င်မည့် ကင်မ်ကာဒါရှန်း

ပဲရစ်မြို့တွင် သေနတ်နှင့်အချိန်ခံရကာ လက်ဝတ်ရတနာများ လုယက်ခံရအပြီး လေးလအကြာတွင် ကင်မ်ကာဒါရှန်းဟာ အမျိုးသမီးများဦးဆောင်ပါဝင်ထားသော “Ocean’s Eight” အမည်ရှိ လက်ဝတ်ရတနာများခိုးယူသော ရုပ်ရှင်ကားတွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ဖို့ပြင်ဆင်နေပါသည်။

ဟောလိဝုဒ်မှလာသော သတင်းများအရ ကင်မ်ကာဒါရှန်းနှင့်အတူ သူမ၏ညီမဖြစ်သူ ကန်ဒေါဂျန်နာတို့ဟာ နာမည်ကျော်စတားများဖြစ်သော ဆန်ဒရာဘူးလောခ့်၊ ရီဟားနား၊ ကိတ်ဘလန့်ချက် နှင့် အန်နီဟက်သာဝေး တို့နှင့်အတူ အဆိုပါဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သွားဖို့ ရှိကြောင်းသိရပါသည်။

၂၀၁၅ခုနှစ် အောက်တိုဘာလတုန်းက ကာဒါရှန်းဟာ ပဲရစ်သို့ဖက်ရှင်ရှိုးအတွက် လာရောက်လည်ပတ်စဉ် သူမ၏ ဟော်တယ်ခန်း၌ ကြိုးတုပ်ခံခဲ့ရပြီး ဒေါ်လာ၁၀သန်းဖိုးရှိသော လက်ဝတ်ရတနာများ ခိုးယူခြင်းကို ခံခဲ့ရပါသည်။

“Ocean’s Eight”ရုပ်ရှင်ဟာ မင်းသားဂျော့ကလူးနီးနှင့် ဘရက်ပစ်တို့ ဦးဆောင်ပါဝင်ထားသော နာမည်ကြီးရုပ်ရှင် သုံးတွဲဇာတ်ကား “Ocean’s Eleven” မှခွဲထွက်လာသော အမျိုးသမီးများ ဦးဆောင်ထားသည့် ဇာတ်ကားတစ်ခု ဖြစ်ပါသည်။

ထိုဇာတ်ကားဟာ လာမည့် ၂၀၁၈ခုနှစ် ဂျွန်လတွင် ရုပ်ရှင်ပိတ်ကားပေါ်သို့ ရောက်ရှိလာမည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly