သားမယားပြုကျင့်ခံရသည့် ကိုးတန်းကျောင်းသူ ပထမဆုံးအကြိမ် သက်သေထွက်ဆို

သားမယားပြုကျင့်ခံရသည့် ကိုးတန်းကျောင်းသူ ပထမဆုံးအကြိမ် သက်သေထွက်ဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ။            ။ မူးယစ်ဆေးပါသည်ဟု ယူဆရသော အချိုရည်တိုက်ပြီး သားမယားပြုကျင့်ခံခဲ့ရသည့် အသက် ၁၅ နှစ်အရွယ် ကိုးတန်း ကျောင်းသူမှ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး ၄တွင် ဖြစ်စဉ်နဲ့ပတ်သက်ပြီး လာရောက်သက်သေထွက်ဆိုခဲ့သည်။

“ ပြုကျင့်ခံရတဲ့ကလေးမလေးကို သက်သေအဖြစ် စစ်တယ်။ နောက် ဓာတ်ပုံတွေ၊ သက်သေခံအဖြစ် တင်ပြပါတယ်။ အားလုံး ပုံ၃၀ ဆယ်လောက်တင်ပါတယ် ။ အဲ့ထဲမှာ ရွိင်ရယ်တည်းခိုခန်းဆိုတဲ့ ဟာလည်းပဲ အဲဒါ မြောက်ဒဂုံမှာ ရှိတဲ့ဟာပေါ့။ အဲဒါပါပဲ ”  ဟု တရားလိုရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ပြောဆိုသည်။

ဇန်နဝါရီ ၁၇ ရက် ယခုအကြိမ်သည် ပထမဆုံးအကြိမ် သက်သေထွက်ဆိုခဲ့ခြင်းဖြစ်ပြီး သားမယားပြုကျင့်ခံရသည့် မိန်းကလေးအနေဖြင့် လာမည့် ရှေ့တစ်ပတ် ၂၄ ရက်နေ့ လည်း ထပ်မံသက်သေထွက်ဆိုရဦးမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

တရားရုံးသို့ ရဲဘက်မှ သက်သေအဖြစ် တရားခံ၏ မိခင်နှင့် အစ်မ၊ တည်းခိုခန်းပိုင်ရှင်နှင့် စာရေးအား တရားလို သက်သေအဖြစ် တင်သွင်းထားသောကြောင့် ယခင်ရုံးချိန်းများတွင် မိန်းကလေးမှ သက်သေမထွက်ဆိုခဲ့ဘဲ ယခုတစ်ချိန်တွင် အဆိုပါသက်သေများအားလုံးကို တရားရုံးမှ ပယ်ပေးသဖြင့် သက်သေထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ အသက်၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူကို ပြစ်မှုကျူးလွန်သူဟု ယူဆရယူ သန်းကိုကိုမောင်ဆိုသူက စက်တင်ဘာလ ၅ ရက်နေ့လည်ပိုင်းက လှည်းတန်းစင်တာရှေ့တွင် ချိန်းဆိုကာ လိမ္မော်ရည်တိုက်ခဲ့ပြီး အမျိုးသမီးငယ် သတိလစ်သွားမှ သန်းကိုကိုအောင်အိမ်သို့ ခေါ်ဆောင်သွားပြီး ထိုမှတဆင့် တည်းခိုခန်းသို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။ မြောက်ဒဂုံရှိ “Royal” တည်းခိုခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူဟု ယူဆရသူသည် မြောက်ဒဂုံ ၃၉ ရပ်ကွက် တွင် နေထိုင်သူဖြစ်သည်။ တရားလို ကိုးတန်းကျောင်းသူမှာ ကမာရွတ်မြို့နယ်တွင်နေထိုင်ပြီး အဆိုပါနှစ်ဦးမှာ အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကာ အမှုကို ကမာရွတ်ရဲ စခန်းတွင် အမှုဖွင့်ထားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly