ယာဉ်လိုင်းအသစ် ၉လိုင်​း ထပ်မံတိုးချဲ့လိုက်​

ယာဉ်လိုင်းအသစ် ၉လိုင်​း ထပ်မံတိုးချဲ့လိုက်​
မြို့ထဲဖက်အသွား မြေနီကုန်းမှတ်တိုင်တွင် မြင်တွေ့ရသော ခရီးသွားပြည်သူများနဲ့ စေတနာ့ဝန်ထမ်းများ ကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ-စိုင်းထွန်းထွန်းနိုင်

ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့ အတွက် ရည်ရွယ်ပြီး ဇန်နဝါရီ ၁၆ရက်က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (Yangon Bus Service YBS)ကနေ ယာဉ်လိုင်း ၉လိုင်း ထပ်မံတိုးချဲ့လိုက်ပါလို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒေါက်တာသန်းဝင်းက ပြောပါတယ်။

“အခုယာဉ်လိုင်း ၉လိုင်း ထပ်တိုးထားပါတယ်။ နောက်ပိုင်းပြည်သူတွေကလည်း လိုအပ်မယ်။ ကွန်ယက်စနစ်တွေကလည်း လက်ခံနိုင်မယ်ဆို ထပ်တိုးသွားမယ့် အခြေအနေတွေရှိပါတယ်”လို့   ဒေါက်တာသန်းဝင်းက ရှင်းပြပါတယ်။

ယာဉ်လိုင်းစုစုပေါင်း နံပါတ် ၁ကနေ နံပါတ် ၅၈ထိ နံပါတ် ၁၃မပါ ယာဉ်လိုင်း ၅၇လိုင်း ရှိရာကနေ ယာဉ်လိုင်းနံပါတ် ၇၀ထိ တိုးချဲ့လိုက်တာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာဆိုရင် ကားတွေအရမ်းကြပ်နေပြီးတော့ လိုင်းကားသွားလာမှုတွေ ကြဲနေတဲ့ အတွက် ရပ်ကွက်အလိုက် စေတနာ့ ဝန်ထမ်းတွေက ကားတွေနဲ့ လိုက်ပို့ပေးနေတာကို တွေ့ရပါတယ်။

“ ယာဉ်လိုင်းတွေထပ်တိုးပေးရင် အဆင်ပြေနိုင်ပါတယ်။ အခုက တိုက်ရိုက်မရောက်တော့ ကလေးကျောင်းပို့တာကအစ ဒုက္ခရောက်ပါတယ်။ မနက်ကဆို တက္ကစီစီးပြီးလာရတယ်” လို့ လိုင်းကားစီးခရီးသည် မနွယ်နွယ်ကပြောပါတယ်။

ယာဉ်လိုင်းစနစ်သစ်တွေစတင်တဲ့ ဒီကနေ့ ဇန်နဝါရီ ၁၆ရက်မှာတော့ ကားအစီးရေနည်းတာကတစ်ကြောင်း၊ ခရီးစဉ်လမ်းကြောင်းတွေ နားမလည်သေးတာကတစ်ကြောင်းကြောင့် အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly