ဂျွန်နေးဒပ်နှင့် အမ်ဘာဟာ့ဒ်တို့၏ ကွာရှင်းမှု အပြီးသတ်

ဂျွန်နေးဒပ်နှင့် အမ်ဘာဟာ့ဒ်တို့၏ ကွာရှင်းမှု အပြီးသတ်

နာမည်ကျော်ရုပ်ရှင်မင်းသား ဂျွန်နေးဒပ်နှင့် မင်းသမီးအမ်ဘာဟာ့ဒ်တို့၏ ကွာရှင်းပြတ်ဆဲမှုဟာ ယခုဆိုရင်အပြီး သတ်သွားပြီဖြစ်ပြီး လပေါင်းများစွာကြာအောင် လမ်းခွဲမှုနှင့် ပတ်သက်ပြီးဖြစ်ခဲ့ရတဲ့ အငြင်းအခုံများကိုအဆုံး သတ်နိုင်ခဲ့ပြီဖြစ်ပါသည်။

အသက်၅၃နှစ် အရွယ်ရှိပြီဖြစ်သည့် ဂျွန်နေးဒပ်ဟာ အမ်ဘာဟာ့ဒ်ကို နစ်နာကြေး အမေရိကန်ဒေါ်လာ ၇သန်း ပေးဖို့သဘောတူပြီးဖြစ်ကာ မင်းသမီးကတော့ ထိုငွေများအားလုံးကို ရန်ပုံငွေအဖွဲ့အစည်းနှစ်ခုအား လှူဒါန်းသွား မယ်လို့ပြောခဲ့ပါသည်။

အသက် ၃၀အရွယ်ရှိပြီဖြစ်သည့် အမ်ဘာဟာ့ဒ်ကတော့ ပြီးခဲ့သော ၂၀၁၅ခုနှစ်တုန်းက သြစတြေးလျနိုင်ငံကို လည်ပတ်စဉ်မှာ တရားမဝင်ခေါ်ဆောင်သွားခဲ့သည့် ပစ်စတိုနှင့်ဘူး အမည်ရှိ ၎င်းတို့စုံတွဲရဲ့ခွေးလေးနှစ်ကောင် ကိုလည်း ထိန်းသိမ်းခွင့်ရမှာဖြစ်ပါသည်။

အမ်ဘာဟာ ဂျွန်နေးဒပ်က သူမအား အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခဲ့သော်လည်း မင်းသား ဖြစ်သူကိုယ်တိုင်ကတော့ သူ မလုပ်ကြောင်းငြင်းဆိုခဲ့ပါသည်။

တရားရုံးသို့ တင်ပြသော အချက်အလက်များအရ ဒပ်ဟာ သူမအား ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများပြုလုပ်ခဲ့ပြီး ပြီးခဲ့သောနှစ် ဖေဖေါ်ဝါရီလတုန်းက ၎င်းတို့နှစ်ဦးရန်ဖြစ်ခဲ့ရာတွင် ဒပ်ကသူမမျက်နှာအား မိုဘိုင်းလ်ဖုန်းဖြင့်ပစ် ပေါက်ခဲ့သည်ဟု သိရသည်။

ဒပ်ရဲ့ရှေ့နေကတော့ ထိုစွပ်စွဲချက်များကိုငြင်းဆိုခဲ့ပြီး အမ်ဘာဟာ နစ်နာကြေးရယူလိုတဲ့အတွက် ဆန္ဒစောပြီး ယခုလိုအကြမ်းဖက်ပါတယ်လို့ စွပ်စွဲခဲ့တာဖြစ်ကြောင်း လျှောက်လဲခဲ့သည်။ အခင်းဖြစ်ပွားရာသို့ရောက်ရှိခဲ့သော ရဲများကလည်း ရာဇဝတ်မှုကျူးလွန်တယ်လို့ သက်သေတစ်စုံတစ်ရာ ပြနိုင်ခြင်းမရှိကြောင်း ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly