နာမည်ကျော် ပလေးဘွိုင်းမဂ္ဂဇင်း၏ အလုပ်အမှုဆောင်ဖြစ်သူ ဗစ်တာလောင်းန်စ် ကွယ်လွန်

နာမည်ကျော် ပလေးဘွိုင်းမဂ္ဂဇင်း၏ အလုပ်အမှုဆောင်ဖြစ်သူ ဗစ်တာလောင်းန်စ် ကွယ်လွန်

ဗြိတိန်နိုင်ငံတွင် ၁၉၆၀နှင့် ၇၀ခုနှစ်များတုန်းက ပလေးဘွိုင်းမဂ္ဂဇင်းပိုင်သည့် ကလပ်များနှင့် ကာစီနိုရုံများကို စီမန့်ခန့်ခွဲခဲ့သူနှင့် ပလေးဘွိုင်းမဂ္ဂဇင်းကို ကူညီတည်ထောင်ပေးခဲ့သူ ဗစ်တာလောင်းန်စ်ဟာ အသက်၈၈နှစ် အရွယ်၌ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

လောင်းန်စ်ဟာ ပလေးဘွိုင်းတည်ထောင်သူ ဟုချ်ဟပ်ဖာနှင့် ၁၉၅၄ခုနှစ်တုန်းက စတင်တွေ့ဆုံခဲ့ပြီးနောက်မှာ တော့ မဂ္ဂဇင်းရဲ့ ကြော်ငြာ ဒါရိုက်တာ ဖြစ်လာခဲ့ပါသည်။

သူဟာ ပလေးဘွိုင်းအနေဖြင့် ကလပ်များကာစီနိုရုံများကို တည်ထောင်သင့်ပြီး ရုံရဲ့လောင်းကစားမယ်လေးများ အဖြစ် ပလေးဘွိုင်းရဲ့ ယုန်မလေးများကို လုပ်ကိုင်စေခိုင်းခဲ့တဲ့ အကြံဉာဏ်ကို ပေးခဲ့သူ တစ်ဦးဖြစ်ပါသည်။

လန်ဒန်မြို့သို့ ရွှေ့ပြောင်းလာပြီးနောက်မှာတော့ သူရဲ့ ဘဝနေထိုင်မှုပုံစံဟာ ပလေးဘွိုင်းတစ်ဦးပုံစံဖြစ်လာခဲ့ပြီး အောင်မြင်ကျော်ကြားသော ကာစီနိုရုံများနှင့် ကလပ်များကို တည်ထောင်နိုင်ခဲ့ပါသည်။

သူဟာ ထိုအချိန်တုန်းက ဗြိတိန်နိုင်ငံရဲ့ လုပ်ခလစာ အများဆုံးရရှိသော အလုပ်အမှုဆောင်တစ်ဦးအဖြစ် အများက လက်ခံထားခဲ့ကြသော်လည်း ၁၉၈၁ခုနှစ်မှာတော့ သူရဲ့ လောင်းကစားလုပ်ငန်း လည်ပတ်မှုဟာ အာဏာပိုင်များ နှင့် ပြသာနာဖြစ်ပွားခဲ့တာကြောင့် ပလေးဘွိုင်းမှ အထုတ်ခံခဲ့ရပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly