ဧရာဝတီတိုင်းအတွင်း သေကြောင်းကြံစည်မှု အများဆုံးဖြစ်ပွား၊ အများစုမှာ အရက်ကြောင့်ဖြစ်

ဧရာဝတီတိုင်းအတွင်း သေကြောင်းကြံစည်မှု အများဆုံးဖြစ်ပွား၊ အများစုမှာ အရက်ကြောင့်ဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ ၂၀၁၆ ခုနှစ်တွင် သေကြောင်းကြံစည်မှု၊ သေမှုသေခင်း သည် ယာဉ်တိုက်မှုနှင့် လူသတ်မှုတို့ထက် ပိုများပြီး အများစုမှာ အရက်ကြောင့်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး တိုင်းရဲတပ်ဖွ့ဲမှူးရုံး ဒုတိယရဲမှူးကြီးခင်မောင်လတ် က မဇ္ဈိမသို့ ပြောသည်။

"ကိုယ့်ကိုကိုယ်သေကြောင်းကြံမှုက ဒီနှစ်မှာ ယာဉ်တိုက်လ့ိုသေဆုံးမှု၊ လူသတ်မှုတို့ထက် ပိုများပြီး သေဆုံးတယ်။ အရက်ကြောင့်ဖြစ်တာများတယ်။ အရက်ဖြတ်ရင် စနစ်တကျဖြတ်ဖို့လို့တယ်။ တစ်ချို့ အဖော်မဲ့တာတွေ လင်မယားစကားများပြီး ကြိုးဆွဲချသေတာတွေ၊ အဆိပ်သောက်သေတာမျိုး စိတ်ကျရောဂါကြောင့်လုပ်တယ်။ ပြည်သူ ကိုယ့်ပတ်ဝန်းကျင် အဖော်မဲ့၊ စိတ်ကျတာတွေ   နှစ်သိမ့်ပေးဖို့လိုတယ်”ဟု ဒုတိယရဲမှူးကြီးခင်မောင်လတ်က ပြောသည်။

အရက်ဖြတ်ပါက စနစ်တကျဖြင့် ဆေးရုံများ၊  စိတ်ကျန်းမာရေးဆေးရုံများမှာ သွားရောက်ဖြတ်သင့်ကြောင်း  ၎င်းက ပြောခဲ့သည်။

“ဆေးရုံမှာ အားရှိမဲ့ အစားအစာတွေ ကျွေးတယ်။ ကိုယ့်ဟာကိုက ငါဖြတ်လိုက်တာပဲဆိုပြီး ခန္ဓာကိုယ်လိုအပ်ချက်ရှိတော့ အရက်ဖြတ်ရင် သက်ဆိုရာဆေးရုံတွေ၊ စိတ်ကျန်းမာရေးဆေးရုံတွေမှာ သွားဖြတ်သင့်တယ်”  ဟု ဒုတိယရဲမှူးကြီးခင်မောင်လတ်က ပြောသည်။

သေမှုသေခင်းအမှုများမှာ ပုသိမ်ခရိုင်တွင် အများဆုံးဖြစ်ပွားပြီး၊ ဒုတိယအများဆုံးဖျာပုံခရိုင်ဖြစ်ကာ  ၂၇၈ မှု အထိဖြစ်ပွားခဲ့ပြီး ဟင်္သာတခရိုင်၊မြောင်းမြခရိုင်တို့တွင် မှုခင်း ၁၀၀ကျော်နှင့် အခြားခရိုင်များတွင် အဖြစ်နည်းကြောင်း သိရသည်။

"ဖျာပုံခရိုင်မှာ အဖြစ်များတယ်။ ပင်လယ်ထဲမှာလုပ်တော့ ဆေးကုသမှုခံရဖို့မလွယ်ဘူး။ ဖြစ်ရင်တော်တော်အခြေအနေဆိုးမှာ။ သယ်လာတော့ လမ်းမှာတင်ဆုံးသွားတယ်။ ဖျာပုံမှာဖြစ်တာ ရေလုပ်သားတွေမှအဖြစ်များတယ်။ တစ်ခါတလေအရက်ကြောင်ပြီး ပင်လယ်ထဲ ခုန်ချတာတို့ လုပ်တယ်၊ ပင်လယ်ထဲ ခုန်ချတာမျိုးတွေ ဖြစ်ကြတယ်” ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးခင်မောင်လတ် ဦးစီး(ပ)(ဦး /ရေ /ထောက်) ပြောသည်။

၂၀၁၆ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း သေမှုသေခင်းကြောင့် လူ ၉၆၆ ဦး၊ ယာဉ်တိုက်မှုကြောင့် ၄၆၁ ဦး၊ လူသတ်မှုကြောင့် ၁၆၄ ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly