ယူရို ၉သန်းကျော် ဓားပြတိုက်ခံရမှုနှင့် ပတ်သက်၍ ကာဒါရှန်း၏ ယာဉ်မောင်းအား စစ်ဆေးအပြီး၌ ပြန်လွှတ်ပေး

ယူရို ၉သန်းကျော် ဓားပြတိုက်ခံရမှုနှင့် ပတ်သက်၍ ကာဒါရှန်း၏ ယာဉ်မောင်းအား စစ်ဆေးအပြီး၌ ပြန်လွှတ်ပေး

ရုပ်သံစတားကင်မ်ကာဒါရှန်း၏ ယူရို၉သန်းကျော်တန်ဖိုးရှိသည့် လက်ဝတ်ရတနာများ ဓားပြတိုက်ခံရမှုနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်အပြီးတွင် ပြင်သစ်ရဲများက ဖမ်းဆီးထားသူများထဲမှ သုံးဦးကို တရားစွဲဆိုခြင်း မရှိဘဲ ပြန်လည်လွှတ်ပေးလိုက်ပါသည်။

ထိုလွှတ်ပေးလိုက်သောသုံးဦးထဲတွင် ကာဒါရှန်း၏ယာဉ်မောင်းဖြစ်သူ မိုက်ကယ်မာဒါလည်း အပါအဝင်ဖြစ်သည်။ ပြီးခဲ့သော တနင်္လာနေ့တုန်းက ပြင်သစ်နိုင်ငံတစ်ခွင်၌ ပူးပေါင်းမြေလှန် ရှာဖွေမှုများ   ပြုလုပ်ခဲ့ပြီး လူပေါင်း ၁၇ဦးကို ဖမ်းဆီးခဲ့ပါသည်။

ယာဉ်မောင်းဖြစ်သူ မိုက်ကယ်၏အစ်ကို ကိုတော့ရဲများကဆက်လက်စစ်ဆေးမေးမြန်းနေကြောင်း အစီရင်ခံစာ များအရသိရသည်။

ပြီးခဲ့သော အောက်တိုဘာလတုန်းက ပဲရစ်မြို့ရှိ ဟိုတယ်တစ်ခုတွင် ကာဒါရှန်းတည်းခိုနေစဉ်၌ ဓားပြများ ဝင်ရောက်၍ သူမအား သေနတ်နှင့်ချိန်ပြီး ကြိုးတုပ်ခဲ့ကာ လက်ဝတ်လက်စားများကို ယူသွားခဲ့ကြောင်း သိရသည်။ သူမ၏ ကိုယ်ရံတော်က သူမ၏ညီမအား နိုက်ကလပ်တစ်ခုသို့ သွားရာတွင် စောင့်ရှောက်ပေးနေချိန်၌ ယခုလို ဓားပြတိုက်ခံခဲ့ရခြင်း ဖြစ်ပါသည်။

ဓားပြအဖွဲ့ဟာ ယူရို၄သန်း တန်ဖိုးရှိသော စိန်လက်စွပ်တစ်ကွင်း အပါအဝင် ယူရို၉သန်းကျော် တန်ဖိုးရှိသော လက်ဝတ်လက်စားများကို ခိုးယူသွားခဲ့ကြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags