Dangal ရုပ်ရှင်ကို အထူးအားပေးကြသော ပရိတ်သတ်များအား အေမာခန်းက ကျေးဇူးတင်စကားပြောကြား

Dangal ရုပ်ရှင်ကို အထူးအားပေးကြသော ပရိတ်သတ်များအား အေမာခန်းက ကျေးဇူးတင်စကားပြောကြား

အေမာခန်းရဲ့ ရုပ်ရှင်ကားသစ် Dangal ဟာ ပရိသတ်များရဲ့အတွေးအမြင်များကို ပြောင်းလဲစေနိုင်ခဲ့ပြီး Box Office တွင်လည်း အောင်မြင်အကြီးအကျယ် ရရှိထားပါသည်။ ထိုရုပ်ရှင်ကားသစ်ဟာ   ဘောလိ၀ုဒ်ရဲ့အကောင်း ဆုံးရုပ်ရှင်အဖြစ် ချီးကျူးထောပနာပြု ခံခဲ့ရယုံသာမက လက်မှတ်များစွာ ရောင်းချခဲ့ရပြီး စံချိန်သစ်တင်နိုင်ခဲ့သည်။

အင်္ဂါနေ့တွင် စုစည်းထားသော အချက်အလက်များအရ Dangal ရုပ်ရှင်ဟာ အမေရိကန်ဒေါ်လာ၉၉သန်း ကျော် ရရှိထားပြီး မင်းသားအေမာခန်းဟာလည်း   နောက်ထပ်စံချိန်သစ်တစ်ခုကို ရယူနိုင်ခဲ့ပါသည်။ အမေရိကန် Box office နှင့် သြဇီ Box office တို့တွင်လည်း ၀င်ငွေအများဆုံးရရှိသော အိန္ဒိယဇာတ်ကားအဖြစ် စံချိန်တင်နိုင်ခဲ့ပါသည်။

ထို့အပြင် ယခင်အေမာခန်း စံချိန်ချိုးထားခဲ့သော ဘောလိ၀ုဒ်၏ရုံဝင်ငွေအကောင်းဆုံးဇာတ်ကား PK ကိုပါကျော် ဖြတ်ကာ ၀င်ငွေအကောင်းဆုံးကားတစ်ကားဖြစ်ဖို့တာဆူနေပါသည်။ ဒါကြောင့် အေမာခန်းက အလွန့်လွန်ကို ကျေနပ်ခဲ့ပြီး တွစ်တာပေါ်တွင် ပရိတ်သတ်များကို မေတ္တာတုံ့ပြန်စကားပြောကြားခဲ့သည်။

“Dangal ရုပ်ရှင်အပေါ်ပရိသတ်များ မေတ္တာဖြင့်အားပေးမှုကြောင့် ကျနော်အလွန့်လွန်ကို ပျော်ရွှင်ရပါတယ်။ဒါဟာ ကျနော်ရရှိထားဖူးတဲ့ အရူးအမူးအားပေးမှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါဟာ တီထွင်ဖန်တီးလိုတဲ့သူတစ်ယောက် ရရှိလိုက်တဲ့ အကြီးမားဆုံးသော ချီးမြှင့်မှုပါပဲ။ ကျနော့်ရဲ့အသည်းနှလုံးတစ်နေရာကနေ ပရိသတ်တိုင်းကိုကျေးဇူး တင်ကြောင်းပြောချင်ပါတယ်။ပြီးတော့ ကျနော့်ဆရာ ဒါရိုက်တာနီတက်ရှ် ကိုလည်းကျေးဇူးတင်ပါတယ်” လို့ တွစ်တာပေါ်တွင်ရေးသားခဲ့ပါသည်။

Dangal ရုပ်ရှင်ဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင်ရိုက်ကူးထားတာဖြစ်ပြီး မာဟာဗာဆင်းပိုဂတ်အမည်ရှိ နပန်း ဆရာကြီးက သူ၏သမီးနှစ်ယောက်ဖြစ်သော ဂီတာ နှင့် ဘာဘစ်တာ တို့ကိုကမ္ဘာ့အဆင့် နပန်းသမားဖြစ်အောင် သင်ကြားပေးပုံကို ရိုက်ကူးထားပါသည်။ ထိုရုပ်ရှင်ဇာတ်လမ်းထဲမှသရုပ်ဆောင်အားလုံးဟာ ပရိတ်သတ်များရဲ့ တခဲနက်ချီးကျူးမှုကို ရရှိထားပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags