အဆိုတော်ရက်ပ်ပါ DVS ဟာ အသက်၂၀အရွယ်ရှိအမျိုးသမီးတစ်ဦးကို သုံးရက်တိုင်တိုင် ပြန်ပေးဆွဲခဲ့ကာ နှိပ်စက်ခဲ့တဲ့အပြင် မုဒိမ်းကျင့်ခဲ့မှုကြောင့် ထောင်ဒဏ်၂၃အထိ ပြစ်ဒဏ်ချမှတ်ခံခဲ့ ရပါသည်။
အမည်ရင်း Courtney Hutchinson ဖြစ်သည့် အသက်၃၂နှစ်အရွယ်အဆိုတော်ဟာ လိင်ပြစ်မှုကျူးလွန်သူ အဖြစ်၄င်း၏တစ်သက်လုံး မှတ်တမ်းတင်ခံရတော့မည်ဖြစ်သည်။
သူဟာ လန်ဒန်တောင်ပိုင်း ဘရစ္စတန်မြို့မှဖြစ်ပြီး Hometown ဆိုသောသီချင်းဖြင့်လူသိများသူဖြစ်သလို ၂၀၁၆ခုနှစ်ထွက်ရုပ်ရှင် The Intent တွင်လည်း Brownie ဆိုသောဇာတ်ရုပ်ဖြင့် လူသိများခဲ့သူဖြစ်သည်။
လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ရဲ့အစီရင်ခံစာအရ ပြန်ပေးဆွဲခံခဲ့ရသူ အမျိုးသမီးဟာ မီးပူနှင့်အကပ်ခံရသောကြောင့် မီးကျွမ်းဒဏ်ရာအများအမြားရခဲ့သလို၊ မျက်လုံးဖူးယောင်ဒဏ်ရာရရှိခြင်း၊ နှာခေါင်းရိုးကျိုးခြင်း၊ ပုခုံးအဆစ်လွဲ ခြင်း နှင့် လက်ထိုးသွင်းဒဏ်ရာရရှိခြင်း စတဲ့ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။
စနဲဘရွတ်ခရောင်းတရားရုံးတွင် ကြားနာစစ်ဆေးချက်အရ အမျိုးသမီးကိုဖမ်းဆီးထားတဲ့သုံးရက်အတွင်းမှာ အဆိုတော် DVS ဟာ သူမအားဆံပင်မှဆွဲ၍ တိုက်ခန်းတစ်လျှောက် တရွတ်တိုက်ဆွဲခြင်း၊ ဖုန်းအားသွင်းကြိုး နှင့်အဆက်မပြတ် ရိုက်နှက်ခြင်း၊ မျက်နှာနှင့်လည်ပင်းတို့အား လက်သီးဖြင့် ထိုးချိန်တွင် သူမအားလက်နောက် ပစ်ထားခိုင်းခြင်း စသည်တို့ကို ကျူးလွန်ခဲ့ကြောင်းသိရသည်။