ဘာလင်မြို့သို့ ဦးတည်လာသည့် မင်းသား Hugh Jackman ရဲ့ Wolverine ရုပ်ရှင်ဇာတ်ကား Logan

ဘာလင်မြို့သို့ ဦးတည်လာသည့် မင်းသား Hugh Jackman ရဲ့ Wolverine ရုပ်ရှင်ဇာတ်ကား Logan

မင်းသား Hugh Jackman ရဲ့ Wolverine ဇာတ်ကောင်အဖြစ်နောက်ဆုံးသရုပ်ဆောင်ထားသော Logan ရုပ်ရှင်ဇာတ်ကားကို နောက်လတွင်ကျင်းပမည့် ဘာလင်ရုပ်ရှင်ပွဲတော်တွင် အထူးပွဲအနေဖြင့်   ပြသသွားမည် ဖြစ်သည်။

ထိုLogan ရုပ်ရှင်ထဲတွင် Jackman ဟာအသက်အရွယ်အိုမင်းရင့်ရော်သွားပြီဖြစ်သော wolverine ဇာတ်ကောင် အဖြစ်သရုပ်ဆောင်ထားပြီး ဒါဟာ သြစတြေးလျမင်းသားကြီးဖြစ်တဲ့သူ့အတွက်တော့ အဆိုပါဇာတ်ကောင်နေရာ တွင် နောက်ဆုံးအနေဖြင့်သရုပ်ဆောင်ထားခြင်းဖြစ်ပါသည်။

Jackman ဟာ Wolverine ဇာတ်ကောင်အဖြစ် ပထမဦးဆုံးသရုပ်ဆောင်ခြင်းကို ၂၀၀၀ခုနှစ်တုန်းက ထွက်ရှိခဲ့ သော X-Men ရုပ်ရှင်ကားတွင် စတင်ခဲ့ပြီး ထို့နောက် ထိုဇာတ်ကောင်ဖြင့်   နောက်ထပ် ဇာတ်ကား  ရ ကားတိတိ၌ ပါ၀င်သရုပ်ဆောင်ခဲ့ပါသည်။

နောက်ဆုံးထွက်ရှိလာမည့် Logan ဇာတ်ကားကိုအမေရိကန်ပြည်ထောင်စုနှင့်ဗြိတိန်နိုင်ငံတို့တွင်လာမည့်မတ်လ ထဲ၌စတင်ပြသသွားမှာဖြစ်ပြီး Sir Partick Stewartကလည်း Professor X အဖြစ် ပါ၀င်သရုပ်ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly