အမျိုးသားလုံခြံုရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ခန့်အပ်

အမျိုးသားလုံခြံုရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ခန့်အပ်

နေပြည်တော်(ဇန်နဝါရီ ၁၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အား ပြည်တွင်းပြည်ပအန္တရာယ်များနှင့်စပ်လျဉ်း၍ မဟာဗျူဟာရှုထောင့်မှ လေ့လာသုံးသပ်အကြံပြုနိုင်ရေးအတွက် ဦးသောင်းထွန်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြံုရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နို်င်ငံတော်သမ္မတဦးထင်ကျော်က ဇန်နဝါရီ ၁၀ ရက်စွဲဖြင့် အမိန့်ကြေငြာစာ ထုတ်ပြန်လိုက်သည်။

ဦးသောင်းထွန်းသည် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး(ငြိမ်း)ဖြစ်သလို (၆၂)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးနှင့်ပတ်သက်ပြီး အစီရင်ခံစာ တင်သွင်းခဲ့သူလည်း ဖြစ်သည်။

အဆိုပါ မျိုးသားလုံခြံုရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အား ပြည်ထောင်စုဝန်ကြီးအဆင့်သတ်မှတ်ပြီး ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁၈/၂၀၁၆) တွင် သဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသားလုံခြံုရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၏ ခံစားခွင့်ဆိုင်ရာ ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဆောင်ရွက်ပေးရမည်ဟု သမ္မတ၏ ်အမိန့်ကြေငြာစာတွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly