Billboard ထိပ်သီးအယ်လ်ဘမ်၂၀၀ ဇယားရဲ့ ထိပ်ဆုံးသို့ ပြန်လည် တက်လှမ်းလာသည့် The Weeknd

Billboard ထိပ်သီးအယ်လ်ဘမ်၂၀၀ ဇယားရဲ့ ထိပ်ဆုံးသို့ ပြန်လည် တက်လှမ်းလာသည့် The Weeknd

ကနေဒီယန်း နာမည်ကျော်အဆိုတော် The Weeknd ဟာပြီးခဲ့သော တနင်္လာနေ့တုန်းက အမေရိကန် Billboard အပတ်စဉ် အယ်လ်ဘမ်၂၀၀ဇယားရဲ့ထိပ်ဆုံးနေရာသို့ ၄င်းရဲ့ Starboy အယ်လ်ဘမ်ဖြင့် ပြန်လည်တက်လှမ်းလာနိုင်ခဲ့ ပါသည်။

ပြီးခဲ့သော အပတ်တုန်းက ဇယားရဲ့နံပါတ်၂ နေရာမှာ ရှိနေခဲ့သော Starboy အယ်လ်ဘမ်ဟာ အချပ်ရေပေါင်း ၆၉၀၀၀လောက် ရောင်းချခဲ့ရသည့်အပြင် ဇန်နဝါရီလ၅ရက်ဖြင့် အဆုံးသတ်ခဲ့သော အပတ်ထဲမှာ သီချင်းထုတ် လွှင့်မှုအကြိမ်ရေ ၅၉သန်းကျော် ရှိခဲ့ကြောင်း Nielsen SoundScan ၏အဆိုအရ သိရသည်။

Starboy အယ်လ်ဘမ်ဟာ နို၀င်ဘာလတုန်းကလည်း ၄င်းရဲ့ပွဲဦးထွက် ဖြန့်ချီခဲ့သော ရက်သတ္တပတ်တွင် နံပါတ်၁ နေရာ၌ရှိနေခဲ့ပါသည်။

ဒစ်စနေးရဲ့ပေါက်ကားတစ်ကားဖြစ်သော Moana ကာတွန်းဇာတ်ကားထဲမှသီချင်းများဟာ အယ်လ်ဘမ်ချပ်ရေ ၆၄၀၀၀လောက် ရောင်းချခဲ့ရပြီး ယခုအပတ်ထဲတွင် အဆင့်လေးဆင့်ကျော်လွှားပြီး နံပါတ်၂နေရာသို့ တက်လှမ်း နိုင်ခဲ့သည်။ Bruno Mars ရဲ့ 24K Magic အယ်လ်ဘမ်ကတော့ အချပ်ရေပေါင်း ၄၅၀၀၀ ကျော်လောက် ရောင်း ကုန်ခဲ့ပြီး နံပါတ်၃နေရာမှာပဲ ဆက်လက်ရပ်တည်နေ ပါသည်။

Billboard ထိပ်သီးအယ်လ်ဘမ်အချပ်၂၀၀ကို တွက်ချက်ပုံကတော့ အချပ်ရေ ရောင်းချရမှု၊သီချင်းတစ်ပုဒ်ချင်းဆီ ရောင်းချရမှု (သီချင်း၁၀ပုဒ်ဟာအယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ)၊ အင်တာနက်မှ သီချင်းထုတ်လွှင့် ရရှိမှု (ထုတ်လွှင့် မှုအကြိမ်ရေ ၁၅၀၀ ဟာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) စသည်တို့နှင့် အားလုံးစုပေါင်းတွက်ချက်ခြင်း ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags