နှစ်စဉ်ကျင်းပသော ဂျပန်ရုပ်ရှင်ပွဲတော်ကို (၁၃) ကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ပြသမည်

နှစ်စဉ်ကျင်းပသော ဂျပန်ရုပ်ရှင်ပွဲတော်ကို (၁၃) ကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ပြသမည်

ရန်ကုန်၊ ဇန်နဝါရီ ၅ ။                ။ အာရှတစ်ခွင်တွင် နှစ်စဉ်ကျင်းပသော ဂျပန်ရုပ်ရှင်ပွဲတော်ကို (၁၃) ကြိမ်မြောက်အဖြစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရန်ကုန်မြို့၊   နေပြည်တော်ရုပ်ရှင်ရုံတွင်  ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

တက်သစ်စ ရုပ်ရှင်ရိုက်ကူးသူများနှင့် နာမည်ကျော် ရုပ်ရှင်ရိုက်ကူးသူများ၏ ရုပ်ရှင်ဇာတ်လမ်းတိုများ၊ ဇာတ်လမ်းရှည်များ၊ ကာတွန်းရုပ်ရှင်များအား မြန်မာစာတမ်းထိုး ပြသသွားမည် ဖြစ်ပြီး ၂၀၁၅ခုုနှစ် အောက်တုုိဘာ ၃ရက်နေ့တွင် ထွက်ရှိခဲ့သည့် Hitoshi Ohne ရေးသားရိုက်ကူးထားသော ဆုုရ Live-Action ရုပ်ရှင်ဇာတ်ကား Bakumen ဖြင့် ပြသဖွင့်လှစ်သွားမည်ဖြစ်သည်။ ရုပ်ရှင်ပွဲတော်တွင် ဆန်းသစ်သော လူကြိုက်အများဆုုံး ဂျပန် သည်းထိတ်ရင်ဖုုိ၊ ရိုမန်တစ်၊ လူငယ်ဒရာမာ၊ အက်ရှင်ဇာတ်ကားတုုိနှင့် အန်နီမေးရှင်း အမျိုးအစား ဇာတ်ကားများကုုိ   ပြသသွားမည် ဖြစ်ပါသည်။

“ဒီရုပ်ရှင်ပွဲတော်မှာ ဂျပန်ရုပ်ရှင်ကားအမျိုးမျိုးကို ပြသသွားမှာ ဖြစ်တဲ့အတွက် ပရိသတ်တွေအနေနဲ့ ဂျပန်နိုုင်ငံရဲ့ ယဉ်ကျေးမှုတွေကိုု ပုုိမိုထိတွေ့သိမြင်လာမှာဖြစ်ပါတယ်။ မြန်မာပရိသတ်တွေ ပုုိစိတ်ဝင်စားလာအောင် ပြသမယ့် ရုပ်ရှင်ကားတွေအားလုုံးမှာ မြန်မာစာတမ်း ထုုိးထားပါတယ်။” ဟုု JAPIC ရဲ့ ဥက္ကဌဖြစ်သူ Katsue Tomiyama က ပြောသည်။

ဂျပန်ရုပ်ရှင်ပွဲတော်ကို ၂၀၀၄ ခုနှစ်မှစ၍ ကိုရီးယား၊ ဗီယက်နမ်၊ တူရကီ၊ စင်ကာပူ၊ တရုတ်၊ အိန္ဒိယ နှင့် အင်ဒိုနီးရှားနိုင်ငံများတွင် ကျင်းပခဲ့ပြီး(၁၃) ကြိမ်မြောက်ပွဲတော်အား  မြန်မာနိုင်ငံ၌ ပထမဆုံးပြုလုပ်ကျင်းပခြင်းဖြစ်ကာ Japan Image Council (JAPIC) သည် Agency of Cultural Affairs၊ ဂျပန်သံရုံးတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။

အဆုုိပါ ရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင်ဇာတ်ကားများ ပြသရုံသာမကဘဲ  ရုပ်ရှင်ပွဲတော် တက်ရောက်လာသည့် ဒါရိုက်တာများ၏ ဟောပြောမှုများ၊ တတ်ရောက်လာကြသူများနှင့် အမေးအဖြေကဏ္ဍများ ၊ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတုုိးတက်ရန် အကူအညီပေးမည့် အစီအစဉ်များလည်း ပါဝင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly