အိန္ဒိယဝါရင့်သရုပ်ဆောင်မင်းသားကြီး Om Puri အသက် ၆၆နှစ်အရွယ်၌ ကွယ်လွန်

အိန္ဒိယဝါရင့်သရုပ်ဆောင်မင်းသားကြီး Om Puri အသက် ၆၆နှစ်အရွယ်၌ ကွယ်လွန်

ဗြိတိန်အတွင် အထူးနာမည်ကျော်ခဲ့သော East is East ရုပ်ရှင်ဇာတ်ကား၏ ၀ါရင့်သရုပ်ဆောင်မင်းသားကြီး Om Puri ဟာ အသက်၆၆နှစ ်အရွယ်၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ၏ မိသားစုဝင်များက ပြောကြားခဲ့ပါသည်။

သတင်းဌာနများ၏ အဆိုအရ Puri ဟာ ယနေ့သောကြာနေ့ အစောပိုင်းတွင် သူ၏ နေအိမ်၌ နှလုံးအမောဖောက် ဝေဒနာကို ခံစားခဲ့ရကြောင်း သိရပါသည်။

ရုပ်ရှင်ဇာတ်ကားအများအပြားတွင် သရုပ်ဆောင်ခဲ့သော Om Puri ဟာ လွန်ခဲ့သော ၁၉၈၀ခုနှစ်များတုန်းက အထင်ကရဖြစ်ခဲ့သော အိန္ဒိယရုပ်ရှင်ဇာတ်ကား အများအပြားတွင် သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်ရဲရင့်သော ဇာတ်ကောင် များဖြင့် လူသိများခဲ့ပါသည်။ သူဟာ Ardh Saya ၊ Paar ၊ နှင့် Jaane Bhi Do Yaaro ရုပ်ရှင်ကားတို့နှင့်လည်း နာမည်ကျော်ခဲ့ပါသည်။

သူဟာ ဗြိတိန်တီဗွီရုပ်သံဇာတ်လမ်းတွဲ Jewel in the Crown နှင့် City of Joy ရုပ်ရှင်ဇာတ်ကားတို့တွင်လည်း ပါ၀င်သရုပ်ဆောင်ခဲ့ဖူးပါသည်။ ဒါ့ကြောင့် Puri ဟာလွန်ခဲ့သော ၂၀၀၄ခုနှစ်တုန်းက ဗြိတိန်ရုပ်ရှင်လုပ်ငန်းကို အထောက်အကူပြုခဲ့သောသူ့ရဲ့ဆောင်ရွက်မှုတွေအတွက် OBE ဂုဏ်ပြုဆုချီးမြှင့်ခံခဲ့ရပါသည်။

ယခုဆိုလျှင် အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီ ကိုယ်တိုင်ဦးဆောင်၍ Om Puri အားရည်စူးဂုဏ်ပြုမှုများပြုလုပ် နေကြပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags