စာရေးဆရာအစည်းအရုံးမှ ချီးမြှင့်သည့် အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုအတွက် Deapool မှ ရေပန်းစား

စာရေးဆရာအစည်းအရုံးမှ ချီးမြှင့်သည့် အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုအတွက် Deapool မှ ရေပန်းစား

စူပါဟီးရိုး ရုပ်ရှင်ကား Deapool ဟာ အမေရိကန် စာရေးဆရာအစည်းအရုံး (WGA) မှနှစ်စဉ် ချီးမြှင့်သည့် ဖေဖေါ် ၀ါရီလ ၁၉ရက်နေ့တွင်ကျင်းပမည့်ဆုပေးပွဲတွင်  အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုအတွက် အံသြစရာအဖြစ် စာရင်းသွင်းခံထားရပါသည်။

The X-Men ဇာတ်လမ်းတွဲမှဇာတ်ကောင်ဖြစ်သည့် Deadpool ရုပ်ရှင်တွင် မင်းသား Ryan Reynolds က သရုပ် ဆောင်ပါ၀င်ထားပြီး အစည်းအရုံးရဲ့ အကောင်းဆုံးရုပ်ရှင် ဇာတ်ညွှန်းဆုအတွက် အခြားရုပ်ရှင် ငါးကားနှင့်အတူ စာရင်းသွင်းခံထားရပါသည်။

မနှစ်က WGA မှ ဆုချီးမြှင့်ခံခဲ့ရသော Spotlight နှင့် The Big Short ဇာတ်ကားနှစ်ကားစလုံးဟာလည်း အော်စ ကာဆုပေးပွဲတွင် အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကို ဆွတ်ခူးခဲ့ပါသည်။

Deadpool ဇာတ်ကားနှင့်အတူ ဆုရရှိဖို့ရေပန်းစားနေသော ပြိုင်ဘက်ဇာတ်ကားကတော့ August Wilson ရဲ့ ပြဇာတ်ကို ပြန်လည်ရိုက်ကူးထားသည့် Denzel Washington ရဲ့ Fences ဇာတ်ကားပဲဖြစ်ပါသည်။

ယခုလိုဆုအတွက်စာရင်းပေးသွင်းခံရသည့်အတွက် Deadpool ဇာတ်ကားရဲ့ဒါရိုက်တာနှင့်မင်းသားဖြစ်သူတို့က “ဇာတ်ကောင်ဖြစ်သူ Wilson ရဲ့စကားလုံးတွေကို ရုပ်ရှင်ဖန်သားပြင်ရှေ့သို့   ရောက်အောင်ချပြရတဲ့ တာဝန်ဟာ ထမ်းထားရတာကြီးမားသလို ဂုဏ်ယူစရာလည်း ကြီးမားပါတယ်” လို့ပြောခဲ့ပါသည်။

WGA ဆုပေးပွဲတွင် မူရင်းရုပ်ရှင်ဇာတ်လမ်းဇာတ်ညွှန်းဆုနှင့် ပြဇာတ်၊၀တ္ထု၊ကာတွန်း၊ဇာတ်လမ်းတို့ကို ပြင်ဆင် ရေးသားထားသော အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆု ဟူ၍ နှစ်ဆုချီးမြှင့်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags