ဂျွန်လန်နွန် လက်မှတ်အတု ထိုးထားသော ဘီတဲလ်အဖွဲ့ရဲ့လက်မှတ်ပါ သတင်းစာဟောင်းလေးကို လေလံပွဲ၌ ရောင်းချ

ဂျွန်လန်နွန် လက်မှတ်အတု ထိုးထားသော ဘီတဲလ်အဖွဲ့ရဲ့လက်မှတ်ပါ သတင်းစာဟောင်းလေးကို လေလံပွဲ၌ ရောင်းချ

နာမည်ကျော်အဆိုတော်အဖွဲ့ ဘီတဲလ်မှ အဆိုတော်ဂျွန်လန်နွန်ကိုယ်တိုင် လက်မှတ်အတုထိုးထားသော ဘီတဲလ် အဖွဲ့ရဲ့လက်မှတ်များပါသည့် သတင်းစာအဟောင်းလေးဟာ   လေလံပွဲမှာ စတာလင်ပေါင် ၂၀၀၀ဖြင့် စျေးတည့်ခဲ့ပါသည်။

သတင်းစာမျက်နှာဖုံးကို ရိုက်ထားသော ဓာတ်ပုံထဲ၌ အဖွဲ့ဝင် ပေါလ်မက္ကာနေးဟာ ချပ်စ်ရှိုင်းယားကောင်တီ နော့ဝှစ်ချ်မြို့မှ အလှဘုရင်မလေးအား သရဖူတပ်ပေးနေသည့်ပုံကို တွေ့ရမှာဖြစ်ပါသည်။

အဆိုပါ ပုံကို ဓာတ်ပုံဆရာ Les Goode က ရိုက်ကူးခဲ့တာဖြစ်ပြီး ဘီတဲလ်အဖွဲ့ရဲ့လက်မှတ်ကို တောင်းခံဖို့အတွက် ဓာတ်ပုံပါသည့် သတင်းစာလေးကို ဘီတဲလ်အဖွဲ့ထံသို့ ပေးပို့ခဲ့ပါသည်။

သို့သော်လည်း ဂျွန်လန်နွန်က အဖွဲ့ဝင် လေးဦးကိုယ်စား သူတစ်ယောက်တည်းက လက်မှတ်တုထိုးပေးခဲ့ခြင်း ဖြစ်ပါသည်။

လက်မှတ်များနှင့်အတူ “ဘီတဲလ်အဖွဲ့မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်” ဟု စာရေးသားပေးလိုက်ပြီး မစ္စတာ Goode ထံသို့ ပြန်လည်ပေးပို့ခဲ့ပါသည်။

လီဗာပူးလ်မြို့မှ လေလံပစ်သူ Adam Partidge က ဓာတ်ပုံဆရာမစ္စတာ Goode ဟာ ဘီတဲလဲအဖွဲ့နှင့်အတူ အလုပ်တွဲလုပ်ခဲ့ဖူးပြီး သူတို့နှင့်အချိန်အတော်ကြာအောင် ရင်းနှီးခဲ့သူဖြစ်သည်ဟု   ပြောခဲ့ပါသည်။ မစ္စတာ Goode ရဲ့ဇနီးဖြစ်သူက ဂျွန်လန်နွန်ဟာ ကျီစယ်တတ်တဲ့ စရိုက်ရှိသူဖြစ်တာကြောင့် သူမရဲ့ယောင်္ကျားဟာ အဆိုပါလက်မှတ်တွေ အားလုံးကို ဂျွန်လန်နွန် တစ်ယောက်တည်းက  ထိုးပေးခဲ့တာဖြစ်ကြောင်း သေချာသိတယ်လို့ ပြောခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags