ယူကေ Box Office မှာဆက်လက် ကြီးစိုးထားမြဲဖြစ်သည့် Rogue One: A Star Wars Story ဇာတ်ကား

ယူကေ Box Office မှာဆက်လက် ကြီးစိုးထားမြဲဖြစ်သည့် Rogue One: A Star Wars Story ဇာတ်ကား

Rogue One: A Star Wars Story ဇာတ်ကားဟာ အခုဆိုရင် ယူကေ Box Office ထိပ်ဆုံးနေရာမှာသုံးပတ် ဆက်တိုက်ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါသည်။

အဆိုပါဇာတ်ကားဟာ ပြီးခဲ့သောစနေ၊တနင်္ဂနွေပိတ်ရက်တုန်းက ရုံဝင် ငွေ စတာလင်ပေါင် ၅.၉သန်းရရှိခဲ့ပြီး စုစုပေါင်းရုံဝင်ငွေဟာ စတာလင်ပေါင် ၅၂.၁သန်းအထိရှိလာပြီဖြစ်ပါသည်။

၂၀၁၆ခုနှစ်ရဲ့နောက်ဆုံးနေ့မှာ အဆိုပါဇာတ်ကားဟာ Fantastic Beasts and Where to Find Them ရုပ်ရှင် ကိုကျော်ဖြတ်ပြီး ယူကေ၌ နှစ်တစ်နှစ်အတွင်း ရုံဝင်ငွေအများဆုံး ဇာတ်ကားတစ်ကား   ဖြစ်လာခဲ့ပါသည်။

ပြီးခဲ့သောနှစ်သစ်ကူး စနေ၊တနင်္ဂနွေပိတ်ရက်မှာ Rogue One ဇာတ်ကားဟာသူ့ရဲ့အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ ဟာသဇာတ်ကား Why Him? ထက်ကို ရုံဝင်ငွေနှစ်ဆကျော်လောက်ရရှိခဲ့ပါသည်။

မင်းသား ဂျိမ်းစ်ဖရန်ကို ရဲ့ Why Him? ဇာတ်ကားဟာ စတင်ပြသခဲ့သည့် ပထမဦးဆုံးအပတ်မှာ ရုံဝင်ငွေပေါင် ၂.၂သန်းရရှိခဲ့ပြီး ယူကေ Box office ရဲ့ဒုတိယနေရာကို ၀င်ရောက်လာခဲ့ပါသည်။

ဂျနီဖာလောရစ့်နှင့် ခရစ္စပတ်တို့ ဦးဆောင်ပါ၀င်ထားသော Passengers ဇာတ်ကားဟာတော့ ရုံဝင်ငွေပေါင် ၁.၉ သန်းဖြင့် တတိယနေရာမှာရှိနေပါသည်။

စိတ်ကူးယဉ်သိပ္ပံဇာတ်ကား Monster Trucks က၄င်းရဲ့ပွဲဦးထွက်မှာပဲ ရုံဝင်ငွေပေါင်၁.၇သန်းရရှိခဲ့ပြီးနံပါတ်လေး နေရာမှာရှိနေကာ ကလေးကြိုက် ကာတွန်းဇာတ်ကား Moana ကတော့ ရုံဝင်ငွေပေါင် ၁.၆သန်း ရရှိခဲ့ပြီး ယူကေ Box office ရဲ့ထိပ်ဆုံးငါးနေရာမှာ ရပ်တည်နိုင်ခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly