နယူးယောက် Film Critics Circle ဆုပေးပွဲ၌ အပြောင်မြောက်ဆုံး ဇာတ်ကားအဖြစ် ဂုဏ်ပြုခံရသည့် Moonlight

နယူးယောက် Film Critics Circle ဆုပေးပွဲ၌ အပြောင်မြောက်ဆုံး ဇာတ်ကားအဖြစ် ဂုဏ်ပြုခံရသည့် Moonlight

Moonlight ရုပ်ရှင်ဇာတ်ကားဟာ နယူးယောက် Film Critics Circle ဆုပေးပွဲ၌ ဆုပေါင်းသုံးဆု ဆွတ်ခူးရရှိခဲ့ပြီး အပြောင်မြောက်ဆုံး ဇာတ်ကားအဖြစ် ချီးကျူးဂုဏ်ပြုခြင်းကို ရရှိခဲ့ပါသည်။

အဆိုပါ ရုပ်ရှင်ဟာ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးရုပ်ရှင်ရိုက်ကူးရေးပညာရှင်ဆု တို့ကို ရရှိခဲ့ပြီး အကောင်းဆုံးဇာတ်ပို့ဆုကိုတော့ Mahershala Ali က ရရှိခဲ့ပါသည်။

၀ါရင့်ဒါရိုက်တာကြီး Jonathan Demme က အကောင်းဆုံးဒါရိုက်တာဆုကို Moonlight ဇာတ်ကားဒါရိုက်တာ Barry Jenkins အား ချီးမြှင့်ပေးခဲ့ပြီး “ Moonlight ဇာတ်ကားဟာ ကျနော်တို့ရဲ့   နှလုံးသားနဲ့လိပ်ပြာထဲကို ၀င်လာ ပြီး အမြစ်တွယ်သွားနိုင်ခဲ့ပါတယ်”လို့ ချီးမွမ်းခဲ့ပါသည်။

ဒါ့အပြင် သူကအဆိုပါ ရုပ်ရှင်ကားအား အော်စကာဆုအတွက် ရှေ့ဆုံးမှတစ်ပြေးနေတဲ့ ကားတစ်ကားဖြစ်ပြီးတော့ လက်ဖျားခါလောက်အောင် ကောင်းမွန်တဲ့ အပြောင်မြောက်ဆုံး လက်ရာတစ်ခုဖြစ်တယ်လို့ ပြောခဲ့ပါသည်။

Moonlight ဇာတ်ကားဟာ မိုင်ယာမီမြို့ရဲ့ ချွတ်ခြံုကျဆင်းရဲနေသောအပိုင်းမှာ ကြီးပြင်းလာခဲ့တဲ့ လူမည်းလူငယ် လိင်တူချစ်သူ တစ်ဦးအကြောင်းဖြစ်ပြီး Ashton Sanders၊ Naomie Harris၊ Mahershala Ali တို့က အားဖြည့် သရုပ်ဆောင်ထားပါသည်။

အဆိုပါ ဆုပေးပွဲ၌La La Land နှင့် Manchester by the Sea ဇာတ်ကားဟာလည်း အခြားဆုကြီးများကို ဆွတ်ခူးခဲ့ပြီး အိမ်အပြန် မျက်နှာပန်းလှခဲ့ပါသည်။ ဆုရွေးချယ်ရေးအဖွဲ့ဟာ နယူးယောက်မြို့ အခြေစိုက် ရုပ်ရှင်ဝေဖန်ရေး ဆရာ ၃၇ဦးဖြင့် ဖွဲ့စည်းထားပြီး ဆုပေးပွဲကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags