မိခင်နှင့် အဖွားဖြစ်သူတို့ ကွယ်လွန်သွားပြီးနောက် ပြောစရာစကား မရှိအောင်ကိုဖြစ်ခဲ့ရသော မင်းသမီး Billie Lourd

မိခင်နှင့် အဖွားဖြစ်သူတို့ ကွယ်လွန်သွားပြီးနောက် ပြောစရာစကား မရှိအောင်ကိုဖြစ်ခဲ့ရသော မင်းသမီး Billie Lourd

အမေရိကန်မင်းသမီး Billie Lourd က သူမ၏မိခင်ဖြစ်သူ မင်းသမီး Carrie Fisher နှင့်အဖွားဖြစ်သူမင်းသမီး ကြီး Debbie Reynolds တို့ကွယ်လွန်သွားပြီးနောက် သူတို့ကိုသူမမည်မျှ လွမ်းဆွတ်ကြောင်းကို ဖော်ပြစရာ စကားလုံးတောင်မရှိတော့ကြောင်း ပြောကြားခဲ့ပါသည်။

အသက် ၆၀ အရွယ်ရှိပြီဖြစ်သည့် စတားဝါးမင်းသမီးကြီး Carrie Fisher ဟာ ခရစ္စမတ်မတိုင်ခင်တုန်းက လန်ဒန် မှအပြန်လေယာဉ်ပေါ်တွင် နှလုံးအမောဖောက်ဝေဒနာ ခံစားခဲ့ရပြီး   ပြီးခဲ့သော အပတ်တုန်းက ကွယ်လွန်ခဲ့သည်။

သူမရဲ့ ၈၄နှစ် အရွယ်အဖွားဖြစ်သူ မင်းသမီးကြီး Debbie ဟာလည်း နောက်တစ်ရက်အကြာမှာ လေဖြတ်ဝေဒနာကြောင့် ကွယ်လွန်ခဲ့ရပါသည်။

ထို့နောက် Billie က သူမ၏အမေ၊အဖွားနှင့်သူမတို့ သုံးယောက်အတူရိုက်ထားသောဓာတ်ပုံကို အင်စတာ ဂရမ်ပေါ်၌တင်ခဲ့ပါသည်။ ထို့နောက် “ကျမရဲ့ Abadaba နဲ့ ကျမရဲ့တစ်ဦးတည်းသော Momby တို့ကိုဘယ် လောက်တောင်လွမ်းဆွတ်နေရကြောင်း ဖော်ပြစရာစကားလုံးမရှိတော့လောက်အောင်ပါပဲ။ အမေနဲ့အဖွားတို့ ရဲ့အချစ်နဲ့မေတ္တာတွေဟာ ကျမအတွက်တော့တကယ့်ကိုကမ္ဘာကြီးတစ်မျှပါပဲ” လို့ရေးသားခဲ့ပါသည်။

Billie Lourd ဟာ Carrie Fisher ရဲ့တစ်ဦးတည်းသောသမီးဖြစ်ပြီး သူမရဲ့လက်တွဲဖော်ဟောင်း Bryan Lourd နှင့်ရခဲ့တာဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly