ပွဲတော်ရက် ရုပ်သံကြည့်ရှုမှုနှုန်းတွင် ဘုရင်မကြီးရဲ့ အစီအစဉ်အား ကျော်ဖြတ်သွားသည့် ရှားလော့်ခ် ဇာတ်လမ်းတွဲ

ပွဲတော်ရက် ရုပ်သံကြည့်ရှုမှုနှုန်းတွင် ဘုရင်မကြီးရဲ့ အစီအစဉ်အား ကျော်ဖြတ်သွားသည့် ရှားလော့်ခ် ဇာတ်လမ်းတွဲ

ပြီးခဲ့သော တနင်္ဂနွေနေ့က ပရိသတ်အများအပြား စောင့်မျှော်နေရတဲ့ ရှားလော့ခ်ဇာတ်လမ်းတွဲအသစ်ကို ဘီဘီစီ ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့ပြီး ထိုလိုင်းအားကြည့်ရှုသူများဟာ တစ်ညလုံးအနေနဲ့ ၈ သန်း ကျော်လောက်ရှိခဲ့ကြောင်း သိရပါသည်။

ဒါဟာ ယူကေမှာ နှစ်သစ်ကူးအကြိုည မီးရှုးမီးပန်းပစ်လွှတ်မှု အစီအစဉ်ကို ကြည့်ရှုခဲ့သူ ၁၁.၆သန်းပြီးလျှင် ပွဲတော် ရက်အတွင်း ဒုတိယ လူကြည့်အများဆုံး ရုပ်သံအစီအစဉ်တစ်ခု ဖြစ်ခဲ့ပါသည်။ ခရစ္စမတ်နေ့၌ လူကြည့်အများဆုံး ရုပ်သံအစီအစဉ်ကတော့ အဲလီဇဘတ်ဘုရင်မကြီးရဲ့ ခရစ္စမတ်ဆုတောင်းသတင်းစကားဖြစ်ပြီး ကြည့်ရှုသူပေါင်း ရ.၇သန်းအထိ ရှိခဲ့ပါသည်။

လေးခုမြောက် ရှားလေ့ာခ်ဇာတ်လမ်းတွဲအသစ်ရဲ့ ပထမဦးဆုံးအပိုင်းကိုကြည့်ရှုခဲ့သူ ပျှမ်းမျှ ၈.၁သန်းလောက်ရှိခဲ့ပါသည်။ ဇာတ်လမ်းတွဲအသစ်ရဲ့ပထမဦးဆုံးအပိုင်းအမည်ကိုတော့ The Six Thatchers လို့ပေးထားပြီး စာရေးဆရာ ဆာအာသာကို နင်ဒွိုင်းလ်ရဲ့ဇာတ်လမ်းဖြစ်သော The Adventure of the Six Napoleons ကို အခြေခံ ရိုက်ကူးထားခြင်း ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags