Debbie Reynolds နှင့်သမီးဖြစ်သူ Carrie Fisher တို့အားဘေးချင်းယှဉ်လျက် မြှုပ်နှံမည်

Debbie Reynolds နှင့်သမီးဖြစ်သူ Carrie Fisher တို့အားဘေးချင်းယှဉ်လျက် မြှုပ်နှံမည်

ပြီးခဲ့သောအပတ်က ရှေ့ဆင့်နောက်ဆင့်သေဆုံးသွားခဲ့သော ဟောလိ၀ုဒ်ဂန္တဝင် သရုပ်ဆောင်သားအမိဖြစ်ကြ သည့် Debbie Reynolds နှင့် Carrie Fisher တို့အား ပူးတွဲ အထိမ်းအမှတ် အခမ်းအနားနှင့်  အတူ ဘေးချင်းယှဉ် လျက်မြှုပ်နှံမည်ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုက အတည်ပြုပြောကြားခဲ့ပါသည်။

Carrie ရဲ့မောင်ဖြစ်သူနဲ့ Reynolds ရဲ့သားဖြစ်သူ Todd Fisherက ဟောလိ၀ုဒ်တောင်ကုန်းရှိ ဖောရက်စ်လောန် အထိမ်းအမှတ်ပန်းခြံထဲမှ သုသာန်မြေနေရာထဲတွင် ငှက်ပိတုန်းလေးများကို တွေ့လိုက်ရတဲ့ အခိုက်အတန့် ၌ ထိုနေရာဟာ သူရဲ့အမဖြစ်သူနဲ့ အမေဖြစ်သူတို့ နောက်ဆုံးနားခိုဖို့ အကောင်းဆုံးနေရာဖြစ်တယ်လို့ သူယုံကြည် ကြောင်းပြောခဲ့ပါသည်။

“ဒါဟာဖြစ်သင့်တဲ့ နည်းလမ်းတစ်ပါပဲ” လို့အသက် ၅၈နှစ်အရွယ်ရှိ Todd Fisher က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါသည်။ ကွယ်လွန်သွားပြီဖြစ်သော အော်စကာဆုအတွက် လျာထားခြင်းခံခဲ့ရဖူးတဲ့ အဆိုတော်နှင့် သရုပ်ဆောင်ဖြစ်သူ သူ၏ အမေဟာ ဘီဗာလီတောင်ကုန်းမှာရှိတဲ့ သူတို့အိမ်နားကို ပုံမှန်လာလေ့ရှိသောငှက် ပိတုန်းလေးများကို အထူးနှစ်ခြိုက် သဘောကျသူဖြစ်ကြောင်း သတိတရနှင့် ပြောခဲ့ပါသည်။

ထို့နောက် Todd Fisher က သူနှင့် အခြားဆွေမျိုးတွေဟာ အသုဘအစီအစဉ်များနှင့်အခြားဆောင်ရွက်စရာရှိ တာများကိုဆောင်ရွက်ရန် ယခုအပတ်မှာ စုစည်းတွေ့ဆုံကြမှာ ဖြစ်တယ်လို့ ဆက်ပြောခဲ့ပါသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly