ဒေါ်နယ်ထရမ့်ထွက်ခွာသွားသောကြောင့် “Celebrity Apprentice” အစီအစဉ်ကို အာနိုး တာဝန်ယူမည်

ဒေါ်နယ်ထရမ့်ထွက်ခွာသွားသောကြောင့် “Celebrity Apprentice” အစီအစဉ်ကို အာနိုး တာဝန်ယူမည်

မစ္စတာဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် တာဝန်ယူတော့မှာဖြစ်တာကြောင့် နာမည်ကျော်ကြားသူ တစ်ယောက်အဖြစ်ကနေ နိုင်ငံရေးသမားတစ်ယောက်အဖြစ်ကို ကူးပြောင်းခဲ့သူ နောက်တစ်ယောက်ဖြစ်တဲ့ အာနိုး က “Celebrity Aprrentice” တီဗွီအစီအစဉ်ရဲ့ အစီအစဉ်မှူးအဖြစ် တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပြီး ကြည့်ရှု သူနှုန်းမြင့်တက်လာဖို့ကိုလည်း မျှော်လင့်နေတယ်လို့ သိရပါသည်။

Terminator ဇာတ်ကားများဖြင့် နာမည်ကျော်ကြားသူ မင်းသားကြီးအာနိုးရှာဝါဇနက်ဂါ ဟာ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ်လည်း နှစ်ကြိမ်တိတိ တာဝန်ထမ်းဆောင်ဖူးသလို လာမည့်ဇန်နဝါရီလ ၂ရက်နေ့ တွင်အသစ်ထွက်ရှိမည့် “Celebrity Aprrentice” တီဗွီ အစီအစဉ်အတွက် စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများကို လည်းရင်ဆိုင်သွားမယ်လို့ ကတိပေးခဲ့ပါသည်။

အသက် ၆၉နှစ်အရွယ်ရှိပြီဖြစ်သည့် မင်းသားကြီးအာနိုးက အဆိုပါအစီအစဉ်ကို နယူးယောက်မှ ကယ်လီဖိုးနီး ယားသို့ပြောင်းရွှေ့ရန်လည်း တောင်းဆိုခဲ့ပါသည်။

ယခင်အစီအစဉ်မှူးဖြစ်သူ ဒေါ်နယ်ထရမ့်ဟာ အဆိုပါအစီအစဉ်မှာ ၁၁နှစ်လောက် တင်ဆက်သူလုပ်ခဲ့ပြီး သူ့ရဲ့ အစီအစဉ်ကို အမေရိကန်တစ်လွှမ်းကြည့်ရှုသူ သန်း၂၀ကျော်ရှိခဲ့ပြီး ပြီးခဲ့သော၂၀၁၅ခုနှစ်တုန်းကတော့ ကြည့်ရှု သူ ၆သန်းအထိ ကျဆင်းခဲ့ပါသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly