ဂီတဖျော်ဖြေပွဲတွင် စိတ်မထိန်းချုပ်နိုင်ပဲ ဒေါသပုန်ထပေါက်ကွဲမှုကြောင့် အဆိုတော် Trey Songz အဖမ်းခံရ

ဂီတဖျော်ဖြေပွဲတွင် စိတ်မထိန်းချုပ်နိုင်ပဲ ဒေါသပုန်ထပေါက်ကွဲမှုကြောင့် အဆိုတော် Trey Songz အဖမ်းခံရ

R&B အဆိုတော် Trey Songz ဟာ Detroit မှာပြုလုပ်ခဲ့သော ဂီတဖျော်ဖြေပွဲ၌ မိုက်ခရိုဖုန်းနှင့် အခြားကရိယာ တန်ဆာပလာများကို စင်ပေါ်မှပစ်ပေါက်ချမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း ရဲများကပြီးခဲ့သောကြာသာပတေးနေ့က ပြောခဲ့ပါသည်။

Detroit ရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒန်ဒွန်နာကိုဝေါစကီး က ရဲတပ်ကြပ်တစ်ယောက်ဟာ စင်ပေါ်မှအရာဝတ္ထု တစ်ခုဖြင့်ဦးခေါင်းကို ပစ်ပေါက်ခံရမှုကြောင့် သတိမေ့သွားခဲ့ပြီး   ဆေးကုသပြုစုထားရကြောင်း ပြောကြားခဲ့ပါသည်။

အမည်ရင်း Tremaine Aldon Neverson လို့ခေါ်တဲ့ အသက်၃၂နှစ်အရွယ်ရှိ အဆိုတော် Songz ဟာပြည်သူပိုင် ပစ္စည်းကိုဖျက်ဆီးသည်ဆိုသော မသင်္ကာမှုစွပ်စွဲချက်နှင့် အဖမ်းမခံဘဲ ခုခံမှုတို့ကြောင့် ဖမ်းဆီးထိန်းသိမ်းထားခဲ့ရ ကြောင်း ဒွန်နာကိုဝေါစကီးက ပြောခဲ့ပါသည်။ Songz ကို ကြာသာပတေး မနက်အထိ ရဲဌာနထိန်းသိမ်းရေးစင်တာ မှာ ထိန်းသိမ်းထားကြောင်း သိရပါသည်။

ဒွန်နာကိုဝေါစကီးက Songzကို ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တုန်းက Joe Louis အားကစားကွင်း၌ဖျော်ဖြေနေခဲ့သော သူ့ရဲ့အလှည့်ပြီးခါနီး ည၁၁နာရီခွဲ ၀န်းကျင်လောက်မှာ သူ့ကိုအပြီးသတ်လိုက်ဖို့ ညွှန်ကြားခဲ့ကြောင်းပြောခဲ့ပါ သည်။ ထို့နောက် Songz ဟာ စတင်၍ရန်လိုလာခဲ့ပြီး စင်ပေါ်မှနေ၍မိုက်ကရိုဖုန်းများ၊စပီကာများ နှင့်အခြား အရာဝတ္ထု ပစ္စည်းများကို စင်ပေါ်မှ ပစ်ပေါက်ခဲ့ကြောင်း   ပြောခဲ့ပါသည်။

Songz ရဲ့ကိုယ်စားလှယ်တွေကတော့ အဆိုပါကိစ္စအတွက် ချက်ချင်းမှတ်ချက်ပေးဖို့တော့ အစီအစဉ်မရှိသေးကြောင်း သိရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags