ကွယ်လွန်သူ မင်းသမီးကြီး Debbie Reynolds အား အနုပညာရှင်များက ရည်စူးဂုဏ်ပြု

ကွယ်လွန်သူ မင်းသမီးကြီး Debbie Reynolds အား အနုပညာရှင်များက ရည်စူးဂုဏ်ပြု

လေဖြတ်ဝေဒနာခံစားရမှုကြောင့် သမီးဖြစ်သူ Carrie Fisher ကွယ်လွန်ပြီး နောက်တစ်ရက်အကြာတွင် ရှေ့ဆင့် နောက်ဆင့်ဆိုသလို ကွယ်လွန်သွားခဲ့သော ဟောလိ၀ုဒ်မင်းသမီးကြီး Debbie Reynolds အားရည်စူး၍နာမည် ကျော်အနုပညာရှင်များက ဂုဏ်ပြုစကားပြောကြားခဲ့ကြပါသည်။

အဆိုတော်အနုပညာရှင် Bette Midler က “ ဒါဟာလက်ခံဖို့တော်တော်ခက်တဲ့အဖြစ်အပျက်တစ်ခုပါ။သူမဟာ လှပသော၊ပါရမီရှိသော၊သူမရဲ့အနုပညာပေါ်မှာစိတ်ရောကိုယ်ပါမြှုပ်နှံထားတတ်သော သူတစ်ယောက်ဖြစ်ပါ တယ်” လို့ပြောကြားခဲ့ပါသည်။

ဗြိတိန်မင်းသမီးကြီး Dame Joan Collins ကလည်း “ကျမအလွန်ကိုဝမ်းနည်းပူဆွေးရပါတယ်။သူမဟာတကယ့် ကိုချီးကျူးဖို့ကောင်းတဲ့နွေးထွေးသောမိတ်ဆွေကောင်းတစ်ဦးဖြစ်သလို လုပ်ဖော်ကိုင်ဖက်တစ်ဦးလည်းဖြစ်ပါ တယ်” လို့ဂုဏ်ပြုပြောကြားခဲ့ပါသည်။

Star Trek ရုပ်ရှင်သရုပ်ဆောင် William Shatnre ကလည်း သူမအား ဟော်လိ၀ုဒ်ရဲ့တော်ဝင်မင်းသမီးတစ်ပါး ဖြစ်တယ်လို့ပြောခဲ့သလို “သူမအခုလိုလူ့လောကထဲကထွက်သွားတဲ့အပေါ် အသည်းကွဲမတတ်ခံစားရပါတယ်။ အခုလိုဝမ်းနည်းပူဆွေးရတာတွေကို ၂၀၁၆ အတွင်းမှာပဲအားလုံးကုန်ဆုံးဖို့မျှော်လင့်ပါတယ်”လို့ပြောခဲ့ပါသည်။

ဒါ့အပြင် Talk Show အစီအစဉ်မှူးဖြစ်သူ Larry King ကလည်းသူမအား “ပါရမီရှိသော၊လှပသောအမျိုးသမီး တစ်ဦးဖြစ်သလို တိမ်မြုပ်ပျောက်ကွယ်သွားမှာမဟုတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်” လို့ပြောခဲ့ပြီး အဆိုတော် Madonna ကလည်း သူမ၏တွစ်တာပေါ်၌ သူမ၏ပရိတ်သတ်များအား “ရှင်တို့ရဲ့အမေတွေကိုဒီနေ့မှာပဲအားရ အောင်ဖက်ထားကြပါ၊ပြီးရင် ရှင်တို့ရဲ့သမီးတွေကိုလည်းဒီနေ့မှာပဲအားရအောင်ဖက်ထားကြပါ”လို့ မမျှော်လင့်ပဲ ကြံုတွေ့ရတဲ့သေခြင်းတရားကို ရည်ရွယ်ပြီးရေးသားခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly