သမီးဖြစ်သူ Carrie Fisher ကွယ်လွန်ပြီး တစ်ရက်အကြာတွင် အမေရိကန်မင်းသမီးကြီး Debbie Reynolds ကွယ်လွန်

သမီးဖြစ်သူ Carrie Fisher ကွယ်လွန်ပြီး တစ်ရက်အကြာတွင် အမေရိကန်မင်းသမီးကြီး Debbie Reynolds ကွယ်လွန်

အမေရိကန်မင်းသမီးကြီး Debbie Reynolds ဟာ သူမ၏သမီးဖြစ်သူ စတားဝါးမင်းသမီးကြီး Carrie Fisher ကွယ်လွန်သွားပြီးနောက် တစ်ရက်အကြာမှာ သူမလည်း ကွယ်လွန်သွားခဲ့ကြောင်း သူမ၏ သားဖြစ်သူက ကြေညာခဲ့ပါသည်။

အမေရိကန်မီဒီယာများ၏အဆိုအရ အသက် ၈၄နှစ်အရွယ်ရှိပြီဖြစ်တဲ့သူမဟာ လေဖြတ်ခြင်းဝေဒနာကိုခံစားခဲ့ရ ပြီး ဗုဒ္ဓဟူးနေ့အစောပိုင်းတုန်းက သူမကို လော့စ်အိန်ဂျယ်လိစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရ ပါသည်။

ဟောလိ၀ုဒ်ရုပ်ရှင်လောကရဲ့ဂန္တဝင်မင်းသမီးကြီးဖြစ်တဲ့ သူမဟာ ၁၉၅၂ခုနှစ်ကထွက်ရှိခဲ့သော Singin’ In the Rain ဇာတ်ကားဖြင့်လူသိများထင်ရှားခဲ့သူဖြစ်ပါသည်။

စတားဝါးဇာတ်ကားများထဲတွင် Princess Leia ဇာတ်ကောင်ဖြင့်နာမည်ကျော်ခဲ့သော သူမ၏သမီးဖြစ်သူ Fisher ဟာလည်း လွန်ခဲ့သောအင်္ဂါနေ့တုန်းက နှလုံးအမောဖောက်ဝေဒနာကြောင့် အသက်၆၀အရွယ်တွင် ကွယ်လွန်ခဲ့ပါသည်။

သူမကွယ်လွန်ကြောင်း ကြေညာအပြီးတွင် သူမ၏သားဖြစ်သူက AP သတင်းဌာနအား “ အမေဟာ အခုဆိုရင် Carrie နဲ့အတူရှိနေနိုင်တော့မှာဖြစ်ပြီး ကျနော်တို့အားလုံး ရင်ကွဲနာကျရပါတယ်” လို့   ပြောခဲ့ပါသည်။ ဒါ့အပြင် သူ၏  အမဖြစ်သူကွယ်လွန်သွားခြင်းကလည်း သူမ၏အမေအတွက် အလွန်ကို ခံစားထိခိုက်စေခဲ့ရကြောင်း ဖြည့်စွက် ပြောကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly