Billboard အယ်လ်ဘမ်၂၀၀ ဇယား၌ ထိပ်ဆုံးကို ရောက်ရှိခဲ့ပြီး ခရစ္စမတ်မှာ အောင်ပွဲခံခဲ့တဲ့ Pentatonix အဖွဲ့

Billboard အယ်လ်ဘမ်၂၀၀ ဇယား၌ ထိပ်ဆုံးကို ရောက်ရှိခဲ့ပြီး ခရစ္စမတ်မှာ အောင်ပွဲခံခဲ့တဲ့ Pentatonix အဖွဲ့

ပြီးခဲ့သော အင်္ဂါနေ့တုန်းက ထုတ်ပြန်ခဲ့တဲ့ Nielsen  SoundScan ရဲ့အဆိုအရ Pentatonix အဖွဲ့ရဲ့အယ်လ်ဘမ် ဖြစ်တဲ့ “ A Pentatonix Christmas” ဟာ Billboard ထိပ်သီးအယ်လ်ဘမ် ၂၀၀ ဇယားမှာ ထိပ်ဆုံးနံပါတ်တစ် နေရာကိုရယူနိုင်ခဲ့ပြီး ခရစ္စမတ်ကာလမှာ အောင်ပွဲခံနိုင်ခဲ့ပါသည်။

တက္ကဆက်ပြည်နယ်မှ Pentatonix အဖွဲ့ဟာ ယခုအပတ်မှာ အချပ်ရေပေါင်း ၂၀၉၀၀၀ ကျော်ရောင်းခဲ့ရပြီး သူတို့ရဲ့ ၂၀၁၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “That’s Christmas To Me” အယ်လ်ဘမ်ဟာလည်း အချပ်ရေ ရ၇၀၀၀ လောက်ရောင်းချခဲ့ရကာ Billboard အယ်လ်ဘမ်ဇယားမှာ နံပါတ်ငါးနေရာမှ ရပ်တည်နေပါသည်။

အသစ်ထွက်ရှိသော အယ်လ်ဘမ်များ နည်းပါးနေတဲ့ အပတ်ထဲမှာ R&B အဆိုတော် Bruno Mars ရဲ့နောက်ဆုံး ထွက်ရှိသော အယ်လ်ဘမ်ဖြစ်တဲ့ “24K Magic” ဟာ နံပါတ်နှစ်နေရာမှာ ရပ်တည်နေပြီး ကနေဒါရက်ပါနှင့်ပေါ့ပ် အဆိုတော် The Weeknd ကတော့ သူ့ရဲ့အယ်လ်ဘမ် “Starboy” ဖြင့် နံပါတ်သုံးနေရာမှာ ရပ်တည်နေပါသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags