ရုံဝင်ငွေအကောင်းဆုံး ဇာတ်ကားသရုပ်ဆောင် စာရင်းတွင် Scarlett Johansson ဦးဆောင်

ရုံဝင်ငွေအကောင်းဆုံး ဇာတ်ကားသရုပ်ဆောင် စာရင်းတွင် Scarlett Johansson ဦးဆောင်

ရုံဝင်ငွေအများအပြား ရရှိခဲ့သော “Captain America: Civil War” နှင့် “Hail Caesar” ဇာတ်ကားတို့တွင် သရုပ်ဆောင်ပါ၀င်ခဲ့သော ညှို့ချက်ပြင်းတဲ့မင်းသမီး Scarlett Johansson ဟာ ၂၀၁၆ခုနှစ်ရဲ့ ရုံဝင်ငွေအကောင်းဆုံး ဇာတ်ကားသရုပ်ဆောင်စာရင်းမှာ ထိပ်ဆုံးမှ ဦးဆောင်နေပါသည်။

နာမည်ကျော်မဂ္ဂဇင်း Forbes ၏ အဆိုအရ သူမဟာ Captain America ဇာတ်ကားရဲ့ တွဲဖက်သရုပ်ဆောင် မင်းသား Chris Evans နှင့် Robert Downey Jr တို့ကိုကျော်ဖြတ်ပြီး ထိပ်ဆုံးနေရာကို   ရောက်ရှိခဲ့ကြောင်း သိရပါသည်။ သူမ သရုပ်ဆောင်ခဲ့သော ဇာတ်ကားများဟာ ၂၀၁၆ခုနှစ်အတွင်း ဒေါ်လာသန်း ၁.၂ ဘီလျံကျော် ရရှိခဲ့ပါသည်။

သြစတြေးလျမင်းသမီး Margot Robbie ဟာလည်း သူမသရုပ်ဆောင်ခဲ့သော ဇာတ်ကားများဖြစ်တဲ့ Suicide Squad နှင့် The Legend of Tarzan နှစ်ကားပေါင်းမှာ ဒေါ်လာသန်း ၁.၁ ဘီလျံကျော် ရရှိခဲ့သောကြောင့် အဆိုပါစာရင်း၌ နံပါတ်လေးနေရာတွင် ရှိနေပါသည်။

Rogue One:A Star Wars Story ၊ Inferno နှင့် A Monster Calls ဇာတ်ကားတို့၌ပါ၀င်သရုပ်ဆောင်ခဲ့သော ဗြိတိန်သရုပ်ဆောင်မင်းသမီး Felicity Jones ဟာလည်း ပထမဦးဆုံးအကြိမ်အဖြစ် အဆိုပါ စာရင်းထဲသို့ ရောက်ရှိလာခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly