အသက် ၆၀ အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်တဲ့ စတားဝါးမင်းသမီးကြီး Carrie Fisher

အသက် ၆၀ အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်တဲ့ စတားဝါးမင်းသမီးကြီး Carrie Fisher

ပြီးခဲ့သော ရက်ပိုင်းအတွင်းက နှလုံးအမောဖောက်ဝေဒနာကို ခံစားခဲ့ရသူ စတားဝါးမင်းသမီးကြီး Carrie Fisher ဟာ အသက် ၆၀ အရွယ်၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရှိရပါသည်။

သူမဟာ ပြီးခဲ့သော သောကြာနေ့တုန်းက လန်ဒန်မှ လော့စ်အိန်ဂျယ်လိစ်သို့ လေယာဉ်ခရီးစဉ် ပြန်သန်းလာစဉ်၌ နှလုံးအမောဖောက်ဝေဒနာကိုခံစားခဲ့ရတာဖြစ်ပြီး သူမကို   လော့စ်အိန်ဂျယ်လိစ်ရှိဆေးရုံသို့   ပို့ဆောင်ခဲ့ရပါသည်။

သူမ၏မိသားစုကပြီးခဲ့သော အင်္ဂါနေ့မှာ သူမကွယ်လွန်သွားပြီဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ သူမ အား ရည်စူးဂုဏ်ပြုမှုအများအပြားရှိနေပြီး ထိုထဲကမှ သူမ၏ စတားဝါးဇာတ်ကား တွဲဖက်သရုပ်ဆောင် Mark Hamill က “ပြောစရာစကားတောင် မရှိတော့ပါဘူး။ တကယ့်ကို ယူကြံုးမရဖြစ်ရပါတယ်” လို့တွစ်တာ၌ ရေးသားခဲ့ပါသည်။

Fisher ၏သမီး Billie Lourd ၏ ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ Simon Halls က ထုတ်ပြန်ကြေညာချက်ထဲတွင် “Billie Lourd က သူမ၏ ချစ်လှစွာသော မိခင်ကြီး Carrie Fisher ဟာ ဒီဇင်ဘာ၂၇ ရက် အင်္ဂါနေ့မနက် ၈နာရီ ၅၅ မိနစ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး ဒါဟာအလွန်ကို နက်နက်ရှိုင်းရှိုင်း ၀မ်းနည်းပူဆွေး ရပါတယ်” လို့ပြောခဲ့ပါသည်။

Carrie Fisher ဟာ ရုပ်ရှင်မင်းသမီးအဖြစ်ပါနာမည်ကျော်ကြားခဲ့ရုံသာမက ရောင်းအားအကောင်းဆုံးစာရေး ဆရာမတစ်ဦးအဖြစ်လည်းကျော်ကြားခဲ့သူဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly