မောင်တောတွင် ၅ရက် အတွင်း ၃ ဦးမြောက် ဘင်္ဂါလီတစ်ဦး ထပ်အသတ်ခံရ

မောင်တောတွင် ၅ရက် အတွင်း ၃ ဦးမြောက် ဘင်္ဂါလီတစ်ဦး ထပ်အသတ်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ။             ။ ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ၅ ရက်အတွင်း ၃ ဦးမြောက် အဖြစ် ဘင်္ဂါလီတစ်ဦး ထပ်အသတ်ခံရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီမှ ယနေ့ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၆ရက်၊ ညနေ ၆ နာရီခန့်တွင် မောင်တောမြို့နယ် ပြူးမချောင်းဘေးတွင် ရွှံ့များပေကျံနေသော လူသေလောင်း တစ်လောင်း တွေ့ရှိခဲ့ပြီး သေဆုံးသူ ဆီရာဇူဟွတ် ဆိုသူဖြစ်ကာ  ဒီဇင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းမှစ၍ နေအိမ် မှ ပျောက်ဆုံးနေသူ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ မောင်တောဒေသအတွင်း ဒီဇင်ဘာလ ၂၃ရက်က စာကြည့်တိုက်မှူး ဒုစ်မာမတ်(ခ) ရှူနာမျာ အသတ်ခံရပြီး ၅ရက်အတွင်း သုံးဦးမြောက် အသတ်ခံခဲ့ရခြင်းဖြစ်ကာ အသတ်ခံရသည့်သူမှာ ဒေသခံအာဏာပိုင်များနှင့် အဆက်အသွယ်ရှိသူဖြစ်ကြောင်းသိရသည်။

သေဆုံးသူနှင့်ပတ်သက်ပြီး နယ်မြေတည်ငြိမ်မှုကို မလိုလားသူများ၏ သတ်ဖြတ်မှု ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အထွေထွေမန်နေဂျာ ဦးရဲနိုင်မှ  ပြောခဲ့သည်။

“ သိတဲ့သူတွေ မပြောရဲ၊ မဆိုရဲအောင် ဒါမျိုး ကြိုတင်နှုတ်ပိတ်ထားတာပေါ့ ” ဟု ယင်းဒေသသို့ သတင်းမီဒီယာအဖွဲ့နှင့်အတူ သွားရောက်ခဲ့သော  ဦးရဲနိုင်က ပြောဆိုသည်။

မောင်တောမြို့ ရေတွင်းကျွန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စာရေးတစ်ဦး ဒီဇင်ဘာ ၂၄ရက် ညနေပိုင်းတွင် အသတ်ခံရပြီး ဒီဇင်ဘာ ၂၂ရက်နေ့က  မီဒီယာများကိုဖြေကြားပေးသည့် စာကြည့်တိုက်မှူး ဘင်္ဂါလီတစ်ဦး အသတ်ခံခဲ့ရကာ သေဆုံးသူ ၃ ဦးလုံးမှာ ဒေသအာဏာပိုင်အဖွဲ့နှင့် ပတ်သက်သူများဖြစ်သည်။

လက်ရှိတွင် သေဆုံးသူ ဆီရာဇူဟွတ် အလောင်းအား ကြိမ်ချောင်းဆေးရုံသို့ ပို့ဆောင်၍ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly